ကင်ဂျံုအန်း ရဲ့ ငွေကြေးမြောက်များစွာ အကုန်အကျခံ တည်ဆောက်ထားတဲ့ လေဆိပ်သစ်ကြီးဟာ လာရောက်သူမရှိဖြစ်နေပါတယ်။ ကောင်းကင်ဓာတ်ပုံများမှ ထောက်လှမ်းတွေ့ရှိချက်များအရ အဆိုပါလေဆိပ် မှာ ဆိုက်ကပ်ထားတဲ့ လေယာဉ်တစ်စင်းမှ မရှိတာကို ထောက်လှမ်းတွေ့ရှိရပါတယ်။ ဒီလေဆိပ်ကို စက်တင်ဘာလ ၂၀၁၅ ခုနှစ်က ဖွင့်လှစ်ခဲ့့တာပါ။ ဒီလေဆိပ်သစ်ကြီး ကို ငွေကြေး ပေါင် ၁၅၀ မီလီယံလောက် အကုန်အကျခံတည်ဆောက်ထားခြင်းဖြစ်တယ်လို့ ထောက်လှမ်းရေးသတင်းများအရသိရပါတယ်။

လေဆိပ်သစ်ကြီး Kalma ကို မြောက်ကိုရီးယားနိုင်ငံသို့ နိုင်ငံတကာ ကမ္ဘာလှည့်ခရီးသွားတွေ ပိုမို လာရောက်စေဖို့ နဲ့ ထိုသို့ လာရောက်ရာမှာ အထောက်အကူဖြစ်စေဖို့ ရည်ရွယ်ပြီး ဖွင့်လှစ်ခဲ့တာပါ။ သို့သော်လည်း စတင်ဖွင့်လှစ်ခဲ့တဲ့ စက်တင်ဘာလ ၂၀၁၅ ခုနှစ်မှ ယနေ့အထိ ၂နှစ်တာကာလအတွင်း ဆိုက်ကပ်ထားတဲ့ လေယာဉ်တစ်စင်းမှ မရှိသေးဘဲ လာရောက်လည်ပတ်သူမရှိဖြစ်နေပါတယ်။ ဒီလေဆိပ်ကို မြောက်ကိုရီးယား ကမ်းခြေမြို့လေးဖြစ်တဲ့ Wonson မြို့လေးမှာ တည်ဆောက်ထားတာပါ။ လေဆိပ်မှာ အခွန်ကင်းလွတ် ဆိုင်တွေ၊ အစားအစာ ရောင်းဆိုင်တွေ အပြင် ခန်းညားလှတဲ့ စကျင်ကျောက်တွေနဲ့ ကြမ်းပြင်တွေကို အလှဆင်ခင်းကျင်းထားပါတယ်။

ဒီလေဆိပ်မှာ လွန်ခဲ့တဲ့နှစ်က ပြုလုပ်ကျင်းပခဲ့တဲ့ လေကြောင်းပြပွဲ တစ်ခု ကို လာရောက်တဲ့ နိုင်ငံခြားသားတွေကို သာ တစ်ခါမျှသာ ကြိုဆိုခဲ့ဖူးတယ် လို့သိရပါတယ်။ အဲ့ဒီ့ထဲက တစ်ယောက်ကတော့ ဂျာမန်လူမျိူး Klaus Renz ပါ။ အဆိုပါလေဆိပ်ကို ပထမဆုံး ရောက်ရှိဖြတ်သန်းဖူးသူလည်းဖြစ်ပါတယ်။ သူကပြန်လည်ပြောပြရာမှာ လေဆိပ်ဟာ အလွန်ကိုသန့်ရှင်းပြီး၊ အရာရာဟာ အသစ်ဖြစ်နေပါတယ်။ အလွန်ကို ကောင်းမွန်တဲ့ လေဆိပ်ပါလို့ ပြောကြားသွားခဲ့ပါတယ်။

Source: The Mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။