ပရိတ်သတ်အသည်းစွဲ အဆိုတော်တစ်ဦးဖြစ်တဲ့ နီနီခင်ဇော်ဟာဆိုရင် ဂီတလမ်းကြောင်းမှာ လည်း အောင်မြင်မှုတွေနဲ့ရပ်တည်နေနိုင်တဲ့အမျိုးသမီးတစ်ယောက်ဖြစ်ပြီး သူမထုတ်လုပ်တဲ့ Super Red Cosmetic တွေဟာလည်း အမျိုးသမီးပရိတ်သတ်တွေရဲ့ တစ်ခဲနက်အားပေးမှု ကိုရရှိနေတာပဲဖြစ်ပါတယ်။ သူမဟာတေးစီးရီး Album လေးခုထုတ်ဝေထားတာဖြစ်ပါ တယ်။ “ မာရီယို ” “ အနီရောင် ” “ ဂယ်ဘဲ ဂယ်ဘဲ ” နဲ့ “ U ” ဆိုတဲ့ Album တွေပဲဖြစ်ပါတယ်။ ဒီထဲ မှာမှ “ ဂယ်ဘဲ ဂယ်ဘဲ ” ဆိုတဲ့ Mini Album ဟာသီချင်းတစ်ပုဒ်ထဲနဲ့ထုတ်ဝေထားတာဖြစ် ပြီး ဒီသီချင်းလေးဟာလည်း အောင်မြင်မှုတွေရရှိခဲ့ပါတယ်။ သူမက 2008 ခုနှစ်မှာကျင်း ပခဲ့တဲ့ Melody World (သံစဉ်များနှင့်ကမ္ဘာ) သီချင်းဆိုပြိုင် ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး သူမရဲ့ကြိုးစားမှုတွေကြောင့် The Best of Melody World ဆုကို ထိုက်ထိုက်တန်တန်ရရှိ ခဲ့တာပဲဖြစ်ပါတယ်။

နောက်ပိုင်းတွေမှာတော့ သူမဟာသီချင်းခွေတွေထုတ်ပြီး ဂီတလောကမှာ အောင်မြင်မှု တွေနဲ့ရပ်တည်နေနိုင်ခဲ့တာပဲဖြစ်ပါတယ်။ 2014 ခုနှစ်မှာ MMA ( Myanmar Music Award) က ပေး အပ်ချီးမြှင့်တဲ့ The best pop song of the year 2014 ဆုကို သူမသီဆိုအောင်မြင် ခဲ့တဲ့ (မျှော်လင့်ချက်တစ်စုံတရာ) သီချင်းနဲ့ ရရှိပိုင်ဆိုင်ခဲ့ပါတယ်။ ထပ်မံပြီး City FM က ကျင်းပချီးမြှင့်တဲ့ Most Popular Woman Singer of the year 2014 ဆုကိုလည်း ပိုင်ဆိုင်ခဲ့ ပါသေးတယ်။ တစ်နှစ်ထဲ မှာ ဆုနှစ်ဆုရခဲ့သူလေးပေါ။့ သူမရဲ့ဂီတလောကအပြင် နောက် ထပ်ခြေလှမ်း အသစ်လေးကတော့ Super Red ဆိုတဲ့တံဆိပ်နဲ့ Cosmetic တွေထုတ်လုပ် တာပဲဖြစ်ပါတယ်။ နှုတ်ခမ်းနီအရောင်လေးမျိုးကို Flawless / Romance / Diva / Classy ဆိုပြီးအရောင်လေးမျိုးထုတ်လုပ်ခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာ တော့ နောက်ထပ် နှုတ်ခမ်းနီအသစ်လေးတွေကို Floral matte အဖြစ်နဲ့ အရောင်သစ် လေးတွေ ထပ်မံ ထုတ်လုပ်လိုက်ပါ တယ်။ အခုနောက်ဆုံးမှာတော့ Cushion အသစ်ကိုထပ်မံထုတ် လုပ်လိုက်ပြီး နာမည်ကတော့ “ မျက်နှာချေ ” ပါတဲ့ပရိတ်သတ်ကြီးရေ။ ရှေးယခင်အမျိုးသမီးတွေက မျက်နှာအလှ ပြင်ဆင်တဲ့အခါ အသုံးပြုတဲ့နံ့သာတို့ ပေါင်ဒါ တို့ကို ခေါ်ဆိုအသုံးပြုခဲ့တဲ့ နာမည်ပါ။ ဘူးခွံ ပုံစံကလည်း ယွန်းဒီဇိုင်းပြုလုပ်ထားတဲ့အတွက် မြန် မာ့ယဉ်ကျေး မှုတွေလည်း တစ်စိတ်တစ်ပိုင်းပါဝင် နေသလို ခံစားရစေပါတယ်။ ဈေးနှုန်းအ နေနဲ့ကတော့ 12800 ကျပ်ဖြစ်ပြီး လူတိုင်းနီးပါးဝယ်နိုင်တဲ့ ဈေးနှုန်းပါပဲ။ သူမရဲ့ အသစ်ထွက် ရှိထားတဲ့ မျက်နှာချေ Cushion လေးရဲ့ ကြော်ငြာကို သူမကိုယ်တိုင် Idea အလန်းစားလေး နဲ့ ရိုက်ကူးထားပြီး ကြည့်ရှုသူတွေသဘောကျအောင် ပြင်ဆင်ထားပါတယ်။ နီနီ့ရဲ့ အလန်းစား Cushion ကြော်ငြာလေးကို အားပေးလိုက်ပါဦးနော်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။