နာမည်ကျော်အဆိုတော် သရုပ်ဆောင် ချစ်သုဝေဟာ ပရိသတ်အခိုင်အမာရရှိထားတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်

လင်းလင်းနဲ့ အိမ်ထောင်ကျပြီးနောက် အမွှာသမီးနှစ်ယောက်မွေးထားတဲ့ မေမေချစ်သုဝေ တစ်ယောက် သူမရှင်သန်နေရခြင်းခံယူချက်လေးကို ရိုးရှင်းစွာပဲ ဖေ့ဘုတ်ကနေ ရင်ဖွင့်ထားပါတယ်

""အိမ်ထောင်မကျခင်က ကိုယ့်ဘဝရှင်သန်ရာဟာ မေကြီးရယ်, daeရယ်,မမကြီးရယ်...

"ကိ်ုယ့်အတွက်ရယ်ဘာကိုမှ မစဉ်းစားဖူးဘူး"...၁၀တန်းအောင်၁၅နှစ်သမီးဘဝကတည်းက မိဘကိုလုပ်ကျွေးပြုစုခွင့်ရခဲ့တာ....

ကိုယ့်မိသားစုလေးဟာလည်း "မိဘ မိသားစုအပေါ်သိတတ်တဲ့သမီးလေး မေတို့ကိုဘာမှမပူနဲ့ ကိုယ့်အိမ်ထောင်သာဂရုစိုက်"ဆိုတဲ့ စကားလေးနဲ့ ခု မြေးလေးတွေရတဲ့အထိ ကိုယ့်ပခုံးပေါ်ကမိသားစုတာဝန်တွေတောင် ကူပြီးထမ်းနေပေးတယ်..

ဆိုလိုတာကလေ ကိုယ်စဉ်းစားပေးတဲ့မိသားစုက ကိုယ်မစဉ်းစားမိတဲ့ကိုယ့်အတွက် စဉ်းစားဖြည့်ဆည်းပေးတာမျိုး...(ရေးရင်းတောင်လည်တယ်)...

ကိုယ်ဟာမိဘမောင်နှစ်မ ရ ကံကောင်းသူပါ

ခု..အိမ်ထောင်ကျတော့လည်း ကိုယ့်ဘဝရှင်သန်ရာက ဖေပူးနဲ့ သမီးလေး၂ယောက် ....

"ကိုယ့်အတွက်ရယ် ဘာကိုမှမစဉ်းစားမိပြန်ဘူး"...

ကိုယ်ချစ်တဲ့သူတွေ ရင်ထဲ အတွေးထဲထိ စဉ်းစားပြီးချစ်တတ် ပူပန်တတ်တာရယ် ...

သူတို့လေးတွေစိတ်ချမ်းသာစေချင်တယ် ကျန်းမာစေချင်တယ်....သူတို့မျက်နှာအရိပ်တကြည့်ကြည့်နဲ့ဘာဖြစ်နေလဲ အမြဲဖြည့်ဆည်းဖို့စဉ်းစားနေတတ်တာမျိုး...

အင်း...ဘာရယ်မဟုတ်ပါဘူး ပုံလေးတွေကြည့်ရင်း...ကိုယ့်ဘဝမှာ အနားမှာရှိတဲ့သူတွေကို ချစ်နေ ဂရုစိုက်နေခွင့်ရတာကိုက ကံကောင်းပါတယ်လေ လို့တွေးမိလို့ပါ...

လူ့ဘဝကသိပ်တိုတယ်လေ..ချစ်ရတဲ့သူတွေစိတ်ချမ်းသာရင်ကိုယ်သည်လည်းစိတ်ချမ်းသာတယ်

သူတို့တွေက ကိုယ့်ရဲ့ဘဝ ကိုယ့်ရဲ့အသက်ပဲလေနော်""

Source- Chit thuwai fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။