Make Up မထက်တစ်ယောက်ဟာ သူမကျင်လည်ရာကျွမ်းကျင်ရာ လုပ်ငန်းဆိုင်ရာတွေမှာ စေတနာထားပြီးဆောင်ရွက်သူတစ်ယောက်ဖြစ်ပါတယ်။ သူမရဲ့ပြင်ဆင်မှုလေးတွေကိုလည်း ပြင်ဆင်ပြီးစီးတဲ့အချိန်တွေမှာ ဓာတ်ပုံလေးတွေရိုက်ကူးပြီး Facebook ပေါ်အမြဲတင်တတ်သူ ပါ။ သူမပြင်ပေးလိုက်တဲ့ မိန်းကလေးတွေဟာ အရမ်းကိုတောက်တောက်ပပလေးနဲ့ လှနေ တာကို တွေ့ရပါတယ်။ Make Up ပြင်ပေးတယ်ဆိုတာဟာ ကုသိုလ်လည်းရ ဝမ်းလည်းဝတဲ့ အလုပ်ပါ။ သူတစ်ပါးကိုလှပအောင်အမြဲပြုပြင်ပေးနေတာမို့ နှစ်ဦးနှစ်ဖက် စိတ်ချမ်းသာစေ တဲ့အလုပ်မျိုးပါပဲ။

Professional Make Up ပြင်ဆင်သူဖြစ်တဲ့ မထက်ဟာ Pro ဆန်စွာနဲ့ပဲ သူမအလုပ်အတွက် အသုံးပြုတဲ့ Accessories တွေကို Branded တွေပဲအသုံးပြုခဲ့ပါတယ်။ ပေးရတဲ့ဈေးနှုန်းနဲ့တန် တဲ့ Make Up အမျိုးအစားနဲ့ Make Up ပြင်ဆင်မှုဆိုင်ရာ Accessories တွေကို ဈေးနှုန်းမြင့် မားစွာ အသုံးပြုပြီး အကောင်းစားတွေကိုပဲအမြဲအသုံးပြုခဲ့သူဖြစ်ပါတယ်။ သူမရဲ့သင်တန်းသူ သင်တန်း သားတွေကိုလည်း ဒီလိုပဲအမြဲညွှန်ပြပြောပြ ဆုံးမလေ့ရှိသူဖြစ်တယ်လို့ သူမရဲ့သင် တန်းသူတွေရဲ့ ပြောစကားအရသိရပါတယ်။ အလုပ်အပေါ်မှာ စေတနာအပြည့်ထားလုပ် ဆောင်သူတစ်ဦး ဖြစ်ပါတယ်။

ဒီနေ့မှာတော့ Facebook ပေါ်က Page တစ်ခုမှာ သူမကိုမဟုတ်မမှန်စွပ်စွဲပြီး တိုက်ခိုက် ထားတဲ့ Comment တစ်ချို့ကို သူမအနေနဲ့ Screen Shot တင်ပြီး သူမကို မဟုတ်အမှန်စွပ် စွဲထားတဲ့သူတွေ ကိုပြန်လည်တုန့်ပြန်တဲ့စာရေးခဲ့ပါတယ်။သူမဘယ်လို အမျိုးအစားသုံးပြီးဘယ် လိုမျိုးစေတနာထား တယ်ဆိုတာကိုလည်း သူမရဲ့သင်တန်းသူလေးတွေကဝင်ရောက်မှတ် ချက်ပေးခဲ့ပါတယ်။ လူတစ်ဖက်သားကို အထောက်အထား အတိအကျမခိုင်လုံပဲ စွပ်စွဲပုတ် ခတ်ပြောဆိုတာ မကောင်းပါဘူး။ မထက်အနေနဲ့ Brush အပေါစားတွေသုံးပြီ ညစ်ပတ်တာ တွေနဲ့ပြင်ပေးတယ်လို့ စွပ်စွဲခံရတာကို သူမအနေနဲ့ ပြင်ဖူးတဲ့သူတွေ လိမ်းဖူးတဲ့သူတေသိတယ် အထွေအထူးပြောစရာမလိုဘူးဆိုပြီး စာတင်ခဲ့တာပါ။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။