ရုပ်ရှင်နဲ့ ဗီဒီယို သရုပ်ဆောင် မင်းသားချော ဥက္ကမင်းမောင်ဟာ မိဘမဲ့ ဂေဟာ တည်ဆောက်ရေးအတွက် ငွေကြေးအလှူငွေများ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်..။
ခိုင်နှင်းေ၀ ဖောင်ဒေးရှင်းက ဦးစီးတည်ဆောက်သွားမယ့် မိဘမဲ့ကလေးငယ်များဂေဟာအတွက် လှူဒါန်းခဲ့တာ ဖြစ်ပါတယ်..။
ကွယ်လွန်သူဖခင်ကြီးအတွက် ရည်စူးပြီး အုတ်တံတိုင်း တစ်ခန်းစာ အလှူငွေ ထည့်ဝင်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်..။
ဥက္ကာမင်းမောင်က သူအသုံးပြုတဲ့ fb စာမျက်နှာမှာ နောက်ထပ်အလှူရှင်များလည်း လိုအပ်နေတဲ့အတွက် ပါဝင်လှူဒါန်းလိုတဲ့ အလှူရှင်များကိုလည်း ဖိတ်ကြားထားပြီး အခုလို ရေးသားထားတာ တွေ့ရပါတယ်..။
“Donation for orphanage.. Khine Hnin Wai Foundation မှ ဦးစီးဆောက်လုပ်မည်ဖြစ်သော မိဘမဲ့ကလေး ဂေဟာအတွက် ကွယ်လွန်သူဖခင်ကြီးအားရည်စူး၍ အုတ်တံတိုင်းတစ်ခန်းစာ ၃ သိန်း လှူဒါန်းခဲ့ပါတယ်..။
နောက်ထပ်အလှူရှင်များစွာလိုအပ်နေသည့်အတွက် ပါဝင်လှူဒါန်းလိုသော အလှူရှင်များကိုဖိတ်ခေါ်ပါတယ်.. မခိုင်နှင်းဝေကိုဆက်သွယ်လို့ရပါတယ်..” လို့ ရေးသားထားတာ ဖြစ်ပါတယ်..။
ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားတဲ့ ဥက္ကာမင်းမောင်ဟာ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာပြီး အနုပညာလောကထဲကို တကျော့ပြန်လည်ဝင်ရောက်ခဲ့ပါပြီ..။
လတ်တလောအနုပညာလှုပ်ရှားမှုတွေအနေနဲ့ကတော့ ကြော်ငြာများရိုက်ကူးနေပြီး ရုပ်ရှင်ဇာတ်ကားများလည်း ပြန်လည် ရိုက်ကူးနေတာ တွေ့ရပါတယ်..။
မင်းသားလေးယောက်နှင့် မင်းသမီးတစ်ယောက် ပါဝင်သရုပ်ဆောင်ထားတဲ့ “မရဲ့အေးခဲသွားသူများ” ရုပ်ရှင်ဇာတ်ကားကြီးမှာ ဗီလိန် ဇာတ်ကောင်နေရာကနေ ပါဝင်သရုပ်ဆောင်ထားပါတယ်..။
သူ့ရဲ့ ပီပြင်တဲ့ သရုပ်ဆောင်မှု့တွေကြောင့် အချို့ဇာတ်ဝင်ခန်းတွေနဲ့ ပတ်သက်ပြီး ပရိသတ်တွေရဲ့ Troll ကြမှုများစွာရှိခဲ့ပြီး အပြုံးမပျက် ပြန်လည်တုန့်ပြန်ခဲ့တာလည်း တွေ့ရပါတယ်..။
ဥက္ကာမင်းမောင်က သူ့ရဲ့ ပရိသတ်တွေနဲ့ တွေ့ဆုံဖို့အတွက် စီစဉ်ထားပြီး နိုဝင်ဘာ(၁၈)ရက်နေ့မှာ Fan Meeting ပွဲ ကျင်းပပြုလုပ်မယ်လို့ သိရပါတယ်..။
Source - ဥက္ကာမင်းမောင် fb
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။