အဆိုတော်ဖြူဖြူကျော်သိန်းရဲ့ထွက်ရှိခဲ့ပြီးသောတေးစီးရီးအယ်ဘမ်များကိုပြန်လည်ထုတ်မယ်ဟုသိရပါတယ်။သူမရဲ့ထွက်ရှိခဲ့ပြီးသော တေးစီးရီးအယ်ဘမ်များမှာပြန်လည်ရှာဖွေဝယ်ယူရတာအလွယ်တကူမရသောကြောင့်လည်းဖြစ်ပါတယ်။

အဆိုတော်ဖြူဖြူကျော်သိန်းရဲ့ ထွက်ရှိခဲ့ပြီးသောတေးစီးရီးအယ်ဘမ်များမှာ လုံးဝမသက်ဆိုင်တော့ပါ ၊ ချစ်သူ့အမုန်းကျိန်စာ ၊ မိန်းကလေးတစ်အသဲကွဲနေတယ် ၊ Memory of diva ၊ April Foolနှင့် နာမည်ကျန်နေရစ်မယ်တို့ဘဲဖြစ်ပါတယ်။ အဆိုပါ တေးစီးရီးများထဲမှ လုံးဝမသက်ဆိုင်တော့ပါ နှင့် ချစ်သူ့အမုန်းကျိန်စာ တေးစီးရီး CD နှင့် VCD ကို တို့အား ဓါတ်ပုံအသစ်တွေနဲ့ လှိုင်းတေးသံသွင်းမှ ပြန်လည်ဖြန့်ချိမှာဖြစ်ပါတယ်။

လတ်တလောတွင်အဆိုတော်ဖြူဖြူကျော်သိန်းသည် အိုယ်ယာလန်အဆိုတော်များနှင့် Music for Myanmar Charity Concertကို နိုဝင်ဘာ၁၈ရက်နေ့တွင် Chatrium Hotel Royal Lake Yangon တွင် သီဆိုဖြေဖျော်မည်ဖြစ်ပါတယ်။

Source - phyuphyukyawthein

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။