ဂျပန်မှချောမောလှပတဲ့ မိန်းမပျိုလေးများကတော့ ထူးထူးဆန်းဆန်း အဖွဲ့ကို ဖွဲပစည်းခဲ့ပါတယ်။ ဒါကတော့ မြောက်ကိုရီးယား Fan Club အဖွဲ့ပါ။ ဒီအဖွဲ့ကတော့ ကမ္ဘာ့ပထမဆုံး မြောက်ကိုရီးယား Fan Club ပဲဖြစ်ပါတယ်။ သူတို့အနေဖြင့် ဝေဖန်မှုတွေ ခြိမ်းခြောက်မှုတွေနှင့် ကြုံတွေ့ခဲ့ရပါတယ်။

သို့သော် အဆိုပါ အဖွဲ့အနေဖြင့် ဝေဖန်မှုတွေ ခြိမ်းခြောက်မှုတွေကြားကပဲ ထောင်နိုင်ခဲ့ပါတယ်။ အဆိုပါ အဖွဲ့သည် မြောက်ကိုရီး ယားတွင် ကင်ဂျုံအန်ကိုယ်တိုင်ရွေးချယ် ထားသောပေါ့ပ်အဖွဲ့ဖြစ်သည့် Moranbong ၏ဖျော်ဖြေမှုများအတိုင်း လုပ်ဆောင်ပုံဖော်တာပါ။ အဆိုပါအဖွဲ့မှ မြောက်ကိုရီးယားမှ စစ်ဝတ်စုံများအတိုင်း ၀တ်စုံပြီး ဧည့်ခံကြတာပါ။ ဒါ့အပြင် မြောက်ကိုရီးယား အစားအစာများရောင်းချပါတယ်။

အဆိုပါ အဖွဲ့ကို ချန်ချန်ဆိုသည့် မိန်းမပျိုကလေးက စတင်တည်ထောင်ခဲ့တာပါ။ အဆိုပါ မိန်းကလေး အနေဖြင့် ယခုမှ အသက်၂၀သာရှိပါသေးတယ်။ ချန်ချန်သည် ယခင်က Daily NK ဟုခေါ်သောမြောက် ကိုရီးယားသတင်း သီးသန့်အွန်လိုင်း ဝက်ဆိုက်ဒ်တစ်ခုတွင် အလုပ်လုပ်ကိုင်ခဲ့ ဖူးသည်။ တက္ကသိုလ်တက်စဉ်ကတည်းက မြောက်ကိုရီးယားယဉ်ကျေးမှုကို စိတ်ပါ ဝင်စားခဲ့ခြင်းဖြစ်ပြီး မြောက်ကိုရီးယား စာပေအနုပညာဘာသာရပ်ကို သင်ကြား ခဲ့သည်။ သို့သော် ၎င်းမှာ ယဉ်ကျေးမှုတစ် ခုကိုမြတ်နိုးရုံသာဖြစ်ပြီး မြောက်ကိုရီး ယားနိုင်ငံကိုထောက်ခံခြင်း၊လိုလားခြင်း မဟုတ်ဟု ဆိုခဲ့သည်။ သို့တိုင်အောင် မြောက်ကိုရီးယားသူလျှို၊ ဘက်ပြောင်း သွားသူ၊ သစ္စာဖောက်အစရှိသဖြင့် အမည်တပ် စွပ်စွဲပြောဆိုမှုများရှိနေပြီး အန္တ ရာယ်ပြုရန် ခြိမ်းခြောက်သူများပင်ရှိနေ သည်ဟု သိရသည်။

Source – New York Post,Express UK, Pyi Myanmar 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။