စပါးတိုက်စစ်မှုူး ဟာရီကိန်းကတော့ ထူးချွန်တဲ့ တိုက်စစ်မှူးတစ်ဦးပါ။ ဟာရီကိန်းက ဒီရာသီမှာ ပုံစံကောင်းတွေကို ပြသထားနိုင်ခဲ့ပါတယ်။ ဂိုးတွေလည်း သွင်းယူထားနိုင်ခဲ့ပါတယ်။ သို့သော် ဟာရီကိန်းသည် ပြီးခဲ့သည့်တစ်ပတ်၌ကစားခဲ့သော ခရစ္စတယ်ပဲလေ့စ်အသင်းနှင့်ပွဲစဉ်တွင် ဒဏ်ရာရရှိခဲ့ပြီး ဂျာမနီ၊ ဘရာဇီးလ်အသင်းတို့နှင့် ကစားမည့်အင်္ဂလန်အသင်း၏ ခြေစမ်းပွဲစဉ်များကိုလွဲချော်ခဲ့သည်။ 

ယခုအခါ တော့တင်ဟမ်မန်နေဂျာမော်ရီစီယိုပိုချက်တီနိုကဒီရာသီကလပ်နဲ့နိုင်ငံအတွက်၁၇ဂိုးသွင်းယူထားတဲ့တိုက်စစ်မှုးဟယ်ရီကိန်းဟာနိုင်ငံတကာပွဲစဉ်တွေပြီးဆုံးပြီးနောက်စပါးရဲ့အကြီးမားဆုံးဒါဘီဖြစ်တဲ့အာဆင်နယ်နဲ့ပွဲမှာပြန်လည်ပါဝင်လာမယ်လို့အတည်ပြုလိုက်ပါတယ်။ ကိန်း အလီ ဝင့်တို့ဟာပဲလေ့စ်နဲ့ပွဲမှာရရှိခဲ့တဲ့ ဒဏ်ရာပြသနာတွေကြောင့်ဂျာမနီ ဘရာဇီး တို့နဲ့ကစားရမယ့်အင်္ဂလန်အသင်းရဲ့လူစာရင်းမှာအသီးသီးနှုတ်ထွက်ခဲ့ကြပါတယ်။ စပါးအသင်းနည်းပြ ပိုချက်တီနိုက Brave New World ဟုအမည်ပေးထားသည့်၎င်း၏ စပါးအသင်းနည်းပြဘဝအကြောင်းအရာများပါ၀င်သည့် စာအုပ်မိတ်ဆက်ပွဲတွင်ဟာရီကိန်းပြန်ကစားနိုင်မည့်အကြောင်း ထည့်သွင်းပြောကြားခဲ့ခြင်းခြစ်သည်။

ပိုချက်တီနိုက "ဟယ်ရီကိန်းကတော့အိုကေပါပဲ။ သူ့ကိုလာမည့်ပွဲစဉ်ဖြစ်တဲ့အာဆင်နယ်နဲ့လန်ဒန်ဒါဘီမှာမြင်တွေ့ရပါလိမ့်မယ်။ သူဟာဒူးခေါင်းနဲ့ပက်သက်ပြီးဒဏ်ရာအနည်းငယ်ရရှိခဲ့ပါတယ်။ ဒါပေမယ့်စိတ်မပူပါနဲ့။ သူအာဆင်နယ်နဲ့ပွဲမှာပွဲထွက်ပါဝင်ကစားနိုင်ပါလိမ့်မယ်။ နောက်ဆုံးကစားခဲ့တဲ့ပွဲမှာ ဟာရီကိန်း ဒူးကို ကန်ခံခဲ့ရပါတယ်။ ဒါပေမဲ့ အာဆင်နယ်နဲ့ကစားမယ့်ပွဲမှာ သူကစားနိုင်ပါလိမ့်မယ်” ဟု ပိုချက်တီနိုက ပြောကြားခဲ့သည်။ စပါးတိုက်စစ်မှူး ဟာရီကိန်းသည် အာဆင်နယ်အသင်းနှင့် ကစားခဲသည့် နောက်ဆုံး (၆)ပွဲတွင်(၆)ဂိုးသွင်းယူထားသည်။

Source –Mirror 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။