ပရိသတ်ကြီးရေ ဒီနေ့နို၀င်ဘာလ(၉)ရက်နေ့ကတော့ သရုပ်ဆောင် မျိုးစန္ဒီကျော်ရဲ့ တစ်ဦးတည်းသောသမီးလေးရဲ့ အသက်(၃)နှစ်ပြည့်မွေးနေ့လေးဖြစ်တယ်လို့ သိရပါတယ်။

နာမည်ကျော်မင်းသမီးတစ်လက်ဖြစ်တဲ့ မျိုးစန္ဒီကျော်ဟာ အနုပညာသက်တမ်းမှာ ဆယ်စုနှစ်တစ်ခုရှိခဲ့ပြီး ဇာတ်ကားပေါင်းများစွာရိုက်ကူးထားသူဖြစ်ပါတယ်။

အိမ်ထောင်ကျပြီးနောက် သမီးလေး ရပြီးနောက် အနုပညာလှုပ်ရှားမှုတွေနည်းသွားတဲ့ မျိုးစန္ဒီကျော်ဟာလက်ရှိမှာတော့ ဇာတ်ကားတစ်ချို့ ပြန်လည်ရိုက်ကူးနေသလို သမီးဖြစ်သူနဲ့ Single Mother တစ်ယောက်အဖြစ် ဖြတ်သန်းနေတာဖြစ်ပါတယ်။

အိမ်ထောင်ရေးကံမကောင်းတဲ့အကြောင်းပရိသတ်ကိုဖွင့်ပြောဖူးတဲ့ မျိုးစန္ဒီကျော်ဟာ သမီးလေးရဲ့ မွေးနေ့မှာ အခုလို မွေးနေ့ဆုတောင်းစကားလေးကို လူမှုကွန်ရက်မှာ မျှဝေထားပါတယ်။

""Happy Birthday ပါမေမေ့သမီးလေးရေ 

ဒီနေ့မနက်၈နာရီဆိုရင်မေမေ့ဘဝထဲကိုသမီးလေးဝင်လာတာ(၃)နှစ်ပြည့်ခဲ့ပြီနော် သမီးလေးကမေမေ့အတွက် စိတ်ချမ်းမြေ့ရခြင်းတွေနဲ့ကံကောင်းခြင်းတွေကိုယူဆောင်လာတဲ့သမီးလေးပါ သမီးလေးရဲ့ရှေ့ဘဝတစ်လျှောက်လုံးအခက်အခဲတွေ ဒုက္ခတွေ အန္တရာယ်တွေကိုမေမေရင်ဆိုင်ပြီးဖြေရှင်းပေးသွားမယ်နော် သမီးလေးရဲ့ဘဝတစ်လျှောက်လုံး အရာရာကို ဉာဏ်ပညာနဲ့ဖြေရှင်းနိုင်တဲ့ အမှားအမှန်ကိုရဲရဲဝင့်ဝင့်ဆုံးဖြတ်နိုင်တဲ့ ကိုယ့်အားကိုယ်ကိုးနိုင်တဲ့ ထူးချွန်ထက်မြတ်သော သမီးလေးဖြစ်ပါစေ သမီးလေးကိုမေမေအရမ်းချစ်တယ်နော်"" 

၀၀ကစ်ကစ်ချစ်စရာကောင်းတဲ့ အမေတူသမီးချောလေး ဂျေဝယ်လေးကို ဓာတ်ပုံမြင်ပြီး အသဲယားနေတဲ့ ပရိသတ်တွေလည်းရှိနေပါတယ်။

ချစ်စရာကောင်းတဲ့ သမီးဖြစ်သူရဲ့ပုံလေးတွေကိုကြည့်ရင်း ပရိသတ်ကြီး ဆုတောင်းပေးလိုက်ပါဦးနော်။  

Source : Myosandi Kyaw fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။