အသက် ၁၉ နှစ် အရွယ်ရှိပြီဖြစ်တဲ့ Nethan Chetcuti လို့ ခေါ်တဲ့ လူငယ်တစ်ယောက်ဟာ မြွေ နဲ့ ရှားပါးသတ္တဝါပေါင်း တစ်ဒါဇင်လောက် မွေးမြူထားပါတယ်။ ထိုလူငယ်ဟာ မွေးမြူထားတဲ့ မြွေများ ထဲ မှ အဆိပ်ပြင်းတဲ့ မြွေရဲ့ ကိုက်ခြင်းကို ခံခဲ့ရပါတယ်။ အသက်အန္တရာယ်စိုးရိမ်ခဲ့ရပြီး ဆေးရုံကို အရေးပေါ်ပို့ကာ ကုသခဲ့ရပါတယ်။ အဲ့ဒီ့ဖြစ်ရပ်ကတော့ သြစတြေးလျနိုင်ငံ ဘရစ်ဘိန်းမြို့ သူ့ရဲ့ နေအိမ်မှာ တနင်္ဂနွေ နေ့ နေ့လည်က ဖြစ်ပျက်ခဲ့တာပါ။

သူအကိုက်ခံခဲ့ ရတဲ့ မြွေဟာ တကယ့်ကို ကမ္ဘာပေါ်မှာ အဆိပ်အပြင်းဆုံးမြွေထဲမှာ ပါ၀င်ပါတယ်။ အဲ့ဒီ့မြွေ အကိုက်ခံရသူဟာ ၄၅ မိနစ် အတွင်း လူတစ်ယောက်ကို သေစေနိုင်တဲ့ အထိ အဆိပ်ပြင်းထန်ပါတယ်။ အဲ့ဒီ့မြွေတိုက်ခိုက် ခံခဲ့ရပြီးနောက် အဲ့ဒီ့လူငယ်ကို Redcliffe ဆေးရုံဆီ အရေးပေါ် ပို့ဆောင်ခဲ့ရပါတယ်။ ဆရာဝန်တွေ အနေနဲ့ သူ အသက်ရှင်အောင် မနည်းကြိုးစားခဲ့ရပါတယ်။

သူဟာ အဆိုပါ အဆိပ်ပြင်းတဲ့ မြွေ နဲ့ အခြားတိရစ္ဆာန်တွေကို အိမ်မှာ မွေးမြူထားပြီး သူ့ရဲ့ YouTube လိုင်းမှာ အဲ့ဒီ့ သတ္တဝါတွေ နဲ့ ရိုက်ထားတဲ့ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေကို ပုံမှန်တင်လေ့ရှိပါတယ်။ သူ့အဖေ က ထိုသို့ သူ့သားအကိုက်ခံရစဉ် အိမ်မှာ ရှိနေပါတယ်။ ချက်ချင်းပဲ အရေးပေါ်ဌာနကို အကြောင်းကြားခဲ့ရပါတယ်။ ထိုမြွေ ဟာ သြစတြေးလျ နိုင်ငံ သဲကန္တာရတွေ မှာ တွေ့ရလေ့ရှိတဲ့ အဆိပ်ပြင်းမြွေ အမျိုးအစားဖြစ်တယ်လို့ ဆရာဝန်တွေက ဆိုပါတယ်။

Source: The Mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။