ရုပ်ရှင်နဲ့ ဗီဒီယိုသရုပ်ဆောင် ငွေမှုန်ရတီ လို့နာမည်ကြားလိုက်တာနဲ့ ရွှေမှုန်ရတီရဲ့ ညီမလေးလို့ တွဲမြင်မိမှာပါ။

ပရိသတ်အချစ်တော်တွေဖြစ်ကြတဲ့ သူမတို့ညီမတွေဟာ အနုပညာလောကထဲကို အသက်အငယ်ဆုံးဝင်ရောက်လာတဲ့သရုပ်ဆောင်တွေဖြစ်ပါတယ်။

အစ်မဖြစ်သူရွှေမှုန်ရတီဟာ ထိပ်တန်းမင်းသမီးစာရင်းဝင်နေတဲ့ ဆယ်ကျော်သက် မင်းသမီးတစ်လက်ဖြစ်ပြီး ညီမဖြစ်သူ ငွေမှုန်ကလည်း ပရိသတ်အားပေးမှုနဲ့ ရပ်တည်နေတဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်နေပါပြီ။

ငွေမှုန်ဟာ အသက်ငယ်ပေမယ့်လည်း ဖွံ့ထွားလှပတဲ့ ခန္ဓာကိုယ်ကောက်ကြောင်းအလှပိုင်ဆိုင်ထားပြီး အဝတ်အစားဖက်ရှင်ပိုင်းမှာတော့ ဖက်ရှင်ကျကျ ၀တ်စားတတ်သူဖြစ်ပါတယ်။   

ကျရာဇာတ်ရုပ်တိုင်း ပီပြင်အောင်သရုပ်ဆောင်နိုင်တဲ့ ငွေမှုန် ကလည်း အစ်မဖြစ်သူလိုပဲ သရုပ်ဆောင်ပိုင်းမှာ ပိုင်နိုင်ပြီး အနုပညာအလုပ်ကို်ယ်စီနဲ့ လုပ်နေကြတာပါ။

ရွှေမှုန်နဲ့အတူ ဥရောပခရီးစဉ်တွေလည်း မကြာခဏထွက်ဖြစ်တဲ့ ငွေမှုန် ရဲ့ အလန်းဆုံးဓာတ်ပုံတွေကို ရွေးချယ်ပြီးဖော်ပြပေးလိုက်ပါတယ်။

ပရိသတ်ကြီး ငွေမှုန်ကိုရော အားပေးမှာလား။ 

Source :Ngwe Hmone Yati fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။