F4 မင်းသမီးချောလေး ဂေါင်ဂျန်ဒီ ကို မှတ်မိဦးမလား.. ပရိသတ်ကြီး

ယနေ့ နိုဝင်ဘာ(၉)ရက်နေ့ဟာ တောင်ကိုရီးယားနိုင်ငံရဲ့ မင်းသမီးချောလေး Ku Hye-sun ရဲ့ မွေးနေ့ရက်လေး ဖြစ်ပါတယ်..။

မြန်မာပြည်ပရိသတ်တွေအနေနဲ့ “Boy Over Flower” F4 ချစ်သူ ဇာတ်ကားမှာ အဓိကဇာတ်ကောင်မင်းသမီးအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ဂေါင်ဂျန်ဒီ အနေနဲ့ မြန်မာပြည်ပရိသတ်တွေ ချစ်ခင်အားပေးခဲ့တဲ့ မင်းသမီးလေး Ku Hye-sun ရဲ့ မွေးနေ့ ဖြစ်ပါတယ်..။

အခုတစ်ခါမှာောတ့ သူမရဲ့ အကြောင်းလေးကို ပရိသတ်ကြီးများအတွက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်..။

မင်းသမီးချော Ku Hye-sun ကို (၁၉၈၄)ခုနှစ် နိုဝင်ဘာ(၉)ရက်နေ့မှာ တောင်ကိုရီးယားနိုင်ငံ အင်ချွန်းမြို့မှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်..။

ဒီနေ့မွေးနေ့လေးမှာတော့ အသက်(၃၃)နှစ်ပြည့် ပြည့်သွားတာ ဖြစ်ပါတယ်..။

သူမဟာ အောင်မြင်တဲ့ ရုပ်ရှင်သရုပ်ဆောင် မင်းသမီးဖြစ်တဲ့ အပြင် အဆိုတော်၊ ဒါရိုက်တာနှင့် ပန်းချီဆရာတစ်ယောက်လည်း ဖြစ်ပါတယ်..။

အနုပညာလောကထဲကို အဆိုတော်တစ်ယောက်အဖြစ် စတင်ဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်..။ နောက်ပိုင်းမှာတော့ အဆိုတော်တစ်ယောက်ထက် သရုပ်ဆောင်ပိုင်းမှာ ပိပြီး အောင်မြင်လာခဲ့တာ ဖြစ်ပါတယ်..။

အနုပညာအလုပ်တေါကို ဝါသနာပါတဲ့ သူမဟာ သရုပ်ဆောင်အဖြစ် ေအောင်မြင်ခဲ့ပြီးနောက်ပိုင်းမှာလည်း အဆိုတော်အလုပ်တွေကိုလည်း ပြန်လည်လုပ်ကိုင်ခဲ့ပြီး ဒါရိုက်တာအလုပ်နှင့် ပန်းချီရေးဆွဲခြင်းတို့ကိုလည်း ဆက်လက်လုပ်ကိုင်ခဲ့တယ်လို့ သိရပါတယ်..။

မင်းသမီး Ku Hye-sun ရဲ့ အအောင်မြင်ဆုံး ဇာတ်ကားတွေကတော့ Pure in Heart (2006), The King And I (2007), Boys Over Flowers (2009), Take Care of Us, Captain (2012), Angel Eyes (2014) and Blood (2015) စတဲ့ ဇာတ်ကားတွေကတော့ သူမရဲ့ အအောင်မြင်ဆုံးနဲ့ အကျော်ကြားဆုံး ဇာတ်ကားတွေပဲ ဖြစ်ပါတယ်..။

မင်းသမီး Ku Hye-sun ဟာ သူမရဲ့ ချစ်သူ မင်းသားချောလေး Ahn Jae Hyun နဲ့ (၂၀၁၆)ခုနှစ်မှာပဲ လက်ထပ်ခဲ့တာ ဖြစ်ပြီး လက်ထပ်ပွဲကိုတော့ ကျင်းပမပြုလုပ်တော့ပဲ မင်္ဂလာပွဲ ကျင်းပမယ့် ကုန်ကျစရိတ်တွေအစား ကလေးအထူးကု ဆေးရုံမှာ သွားရောက်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်..။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။