ခွန်တန်ကတော့ လက်ရှိအချိန်မှာ ပြည်သူတွေအကြား နာမည်ပျက်နှင့်ကျော်ကြားနေပါတယ်။ ခွန်တန်ဆိုတာကတော့ မွန်ပြည်နယ်ဘက်မှာ နာမည်ကြီးတဲ့လူတစ်ဦးပါ။ အလံတစ်ရာဆရာတော် ၀င်စားတယ်ဆိုကာ ရိုးသားသူတွေကို ခုတုံးလုပ်ကာ အရည်းကြီးပုံစံပြုမှုနေသူပါ။ ယခုလက်ရှိအချိန်မှာ အစိုးရက ခွန်တန်ကို အရေးယူဖို့လုပ်ဆောင်နေပါတယ်။ယခုအခါ ခွန်တန် (ခ) ဇာတ် လိုက်ဘက်မှ သက်သေအနေဖြင့် ထွက်ဆိုမည့်သူ များပြားသော ကြောင့် တရားစွဲဆိုရာတွင် အခက်အခဲဖြစ်မည်ဆိုသော်လည်း ခွန်တန်သည် ပြစ်ဒဏ်ချခံရခြင်းမှ ပြေးလွတ်မည်မဟုတ်ကြောင်းနှင့် ၎င်းကို သာသနာညှိုးနွမ်းစေမှုဖြင့် အရေးယူရန် ဆောင်ရွက်နေကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုက ပြောကြားသည်။

နိုဝင်ဘာ ၈ ရက်က ကျင်းပ သည့် အမျိုးသားလွှတ်တော်အ စည်းအဝေးသို့ တက်ရောက်ပြီး နောက် ပြန်လည်ထွက်ခွာလာ သည့် သူရဦးအောင်ကိုက အလံ တစ်ရာ သာသနာ့နယ်မြေတွင် ဘာသာရေးအသုံးချပြီး တိုင်းရင်း သူအမျိုးသမီးငယ်များကို လက် ထပ်ခဲ့သော ခွန်တန် (ခ) ဇာတ် လိုက်ကိစ္စနှင့်ပတ်သက်ပြီး မီဒီယာများ၏ မေးမြန်းမှုအား ပြန်လည်ဖြေကြားခဲ့သည်။‘‘ခွန်တန် တိမ်းရှောင်နေပါ တယ်။ သမီးရှင်တစ်ဦးရဲ့ ဖခင်က မွန်ပြည်နယ် အစိုးရထံမှာ တိုင် ကြား အမှုဖွင့်ထားပါတယ်။ သို့ သော် သမီးကိုယ်တိုင်နဲ့ သမီး အမေကိုယ်တိုင်က ကန့်ကွက်ထားပါတယ်။ အမှုဖွင့်တာကို လက်မခံပါဘူး။ တရားဥပဒေကြောင်းအရ အရေးယူဆောင်ရွက်သင့်တဲ့အမှုကိစ္စဖြစ်ပါတယ်။ တကယ်လို့များ ကာယကံရှင်တွေက ငြင်းဆိုမယ်။ ခွန်တန်ဘက်က သက်သေတွေက လိုက်မယ်ဆိုရင် တရားရုံးတော်မှာ အမှုစွဲဆိုမှုက အခက်အခဲဖြစ်နိုင်ပါတယ်’’ဟု ဝန်ကြီး သူရဦးအောင်ကိုက ပြော သည်။ထိုကဲ့သို့ ကိစ္စရပ်များ ရှိနိုင် သော်လည်း ခွန်တန်ပြေးမလွတ် စေသည့် အချက်တစ်ချက်ဖြစ် သည့် သာသနာတော်ညှိုးနွမ်းစေ မှုပုဒ်မ ၂၉၅ (က)ဖြင့် ထိရောက် စွာ အရေးယူနိုင်စေရေး ဆောင် ရွက်နေကြောင်း သာသနာရေးဝန် ကြီးက ပြောသည်။‘‘ဒီပုဒ်မက ထောင်ဒဏ်သုံး နှစ်လောက် ကျခံနိုင်မှာ ဖြစ်ပါ တယ်။ ပြစ်ဒဏ်ကျဖို့ပဲလိုပါတယ်။ ပြစ်ဒဏ်နည်းများက အဓိက မဟုတ်ပါဘူး’’ဟု ဝန်ကြီးက ပြော သည်။ 

လက်ရှိတွင် သထုံမြို့နယ် အလံတစ်ရာ နယ်မြေ၌ ဘာသာ ရေး အကြောင်းပြကာ အသက် မပြည့်သေးသည့် မိန်းကလေးများ ကို ဖျက်ဆီးသည်ဟု တိုင်ကြားခံရသော ခွန်တန်၏အမှုဖြစ်စဉ်များနှင့်ပတ်သက်၍ တိုင်ကြားသူ မိသားစုဝင်များကို မွန်ပြည်နယ် လွှတ်တော်၌ နိုဝင်ဘာ ၆ ရက်က ကြားနာစစ်ဆေးခဲ့သည်။ ခွန်တန် (ခ) ဇာတ်လိုက်သည် အသက်(၂၅)နှစ်ခန့်ရှိပြီး အလံတစ် ရာ ဆရာတော် ဝင်စားသည်ဟု ဒေသခံ အချို့က ယုံကြည်ကိုး ကွယ်နေသည်။ ထိုသို့ ယုံကြည် ကိုးကွယ်မှုကို အခွင့်ကောင်းယူ ကာ ၂၀၁၄ မှ ၂၀၁၆ အတွင်း အလံ တစ်ရာဒေသရှိ မိန်းမပျိုခြောက်ဦးကို ခွန်တန်က လက်ထပ်ခဲ့သည်။ ခွန်တန် (ခ) ဇာတ်လိုက်အ ပါအဝင် အမျိုးသားခုနစ်ဦးကို အ တင်းအဓမ္မပေါင်းသင်းရန် ခိုးယူမှု ရာဇသတ်ကြီးပုဒ်မ ၃၃၆၊ လူခိုး ယူမှုပုဒ်မ ၃၆၃၊ ပူးပေါင်းပါဝင်သူ များကို အားပေးကူညီမှုပုဒ်မ ၁၁၄ တို့ဖြင့် သထုံမြို့မရဲစခန်းတွင် အောက်တိုဘာ ၂၄ ရက်က အမှု ဖွင့်လှစ်ထားကြောင်း သထုံမြို့မ ရဲစခန်းမှူး ဒုရဲမှူးမောင်မောင်က ပြောကြားသည်။ သို့သော် ခွန်တန်ကို လက်ရှိ အချိန်ထိ ဖမ်းဆီးရမိခြင်းမရှိသေး ပေ။

Source – 7 Days News

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။