မိဘကို ဆဲဆိုအော်ဟစ်သူများ လက်ရှိဘဝမှာတင် ခံစားရနိုင်တဲ့ ဒဏ် (၁၀)ပါး

ကိုယ်က မှန်သည်ဖြစ်စေ ၊ မှားသည်ဖြစ်စေမိဘတွေကို ဒေါသတကြီး အော်ကြီးဟစ်ကျယ်ပြန်လာပြောဆိုရင်လက်ရှိ ပစ္စုန်ပ္ပန်ဘဝမှာ ဒဏ်ဆယ်ပါးထဲက အနည်းဆုံး တစ်ပါးပါးသင့်တတ်တယ်။

ဒဏ်ဆယ်ပါးက ဘာတွေလဲ?

၁။ ကြမ်းကြုတ်သော ဝေဒနာ ခံစားရခြင်း

၂။ ကိုယ်ခန္ဓာ ပျက်စီးခြင်း

၃။ အနာရောဂါဖြစ်ခြင်း

၄။ ရူးသွပ်ခြင်း

၅။ မင်းပြစ်မင်းဒဏ်သင့်ခြင်း

၆။ အကြီးအကျယ် စွပ်စွဲခံရခြင်း

၇။ မိဘ သားသမီး ဇနီးမယား ဆွေမျိုးများပျက်စီးခြင်း

၈။ စည်းစိမ်ချမ်းသာ ပျက်စီးဆုံးရှုံးခြင်း

၉။ နေအိမ်စသည့် မီးလောင်ခြင်း

၁၀။ ငရဲကျရောက်ခြင်း

ဒါကြောင့် ကိုယ်ကမှန်နေတယ်ဆိုရင်တောင် မိဘကို ဒေါသတကြီး အော်ဟစ်ကြီးကျယ် ပြန်လှန်မပြောဆိုသင့်ဘူးပေါ့။ အကျိုးသင့်အကြောင်းသင့် နားဝင်အောင် အေးအေးဆေးဆေးသာ ပြောရတယ်။ ဒီလိုပြောလို့မှ မရဘူးဆိုရင် သူ့ကွယ်ရာကနေ ရှောင်ထွက်သွားလိုက်ပါ။ မိဘတွေ စိတ်ဆိုးပြေတော့မှ ဖြေးဖြေးချင်းပြန်ရှင်းပြသင့်ပါတယ်။

အကယ်၍ မိဘများကို လွန်လွန်ကျူးကျူး ပြန်ပြောမိပြီဆိုရင် ဘုရားကျောင်းဆောင်ရှေ့သွားပြီး ဝန်ချကန်တော့တောင်းပန်ပါ။ မိဘကို ဖွင့်ပြောပြီး ဝန်ချကန်တော့နိုင်ရင်တော့ ပိုကောင်းတာပေါ့။

သားလိမ္မာ သမီးလိမ္မာလေးတွေ ဖြစ်ကြပါစေ ပရိသတ်ကြီးရေ………

Source: ဓမ္မရတနာ

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။