အမေရိကန် ကျန်းမာရေးသုတေသီတွေရဲ့ စစ်တမ်းများအရ ကမ္ဘာပေါ်မှာ တရုတ်နဲ့ ဂျပန်လူမျိုးတွေမှာ အူကင်ဆာရောဂါ ဖိစီးခံရမှု အနည်းဆုံးဖြစ်ကြပါတယ်တဲ့။ အကြောင်းရင်းကတော့ ထိုလူမျိုးတွေဟာ ထမင်းစားချိန်မှာ ရေခဲရေ ၊ ရိုးရိုးရေအေးမသောက်ကြပဲ ရေနွေးဖြူ (သို့) လက်ဖက်ရည်ကြမ်း ပူပူကိုသာ သောက်သုံးလေ့ရှိလို့ပါပဲ။ 

အထူးသဖြင့် ထမင်းစားရင်း ရေခဲရေအေးအေး သောက်တဲ့အခါ ဟင်းလျာထဲမှာ ပါရှိတဲ့ အဆီအနှစ်တွေက အစာအိမ်နဲ့ အူလမ်းကြောင်းမှာ ရွှံ့ဆေးအနယ်အနှစ်များသဖွယ် ချွဲပျစ်သွားတတ်ကြပြီး အစားကောင်းစွာမချက်ပြုတ်နိုင်တော့ပဲ အူကင်ဆာဖြစ်လာစေပါတယ်။

ဒါ့ပြင် ထမင်းဟင်းပူပူစားရင်း ရေခဲရေအေး သောက်လိုက်တဲ့အခါများမှာလည်း အပူအအေး တစ်ပြိုင်နက် တွေ့လိုက်တာကြောင့် အစာအိမ်ကို ကသိကအောက်ဖြစ်စေပါတယ်။

အပူအေး တန်ပြန်သက်ရောက်မှုက အစာအိမ်အက်ဆစ် ထွက်ရှိမှုကို ကမောက်ကမဖြစ်လာပြီး ဗိုက်နာဗိုက်အောင့်စေပါတော့တယ်။ ဒါ့ကြောင့် ထမင်းစားနေစဉ်မျာ ရေခဲရေ သောက်ရေအေးတို့ဖြင့် မျှောမချပဲ့ ဟင်းချိုပူပူ 

သို့မဟုတ် ရေနွေးဖြူ ရေနွေးကြမ်းတို့ဖြင့်သာ ထမင်းလုပ်မနင်အောင် မျှောချကြပါရန်နဲ့ ထမင်းစားပြီး အနည်းဆုံး နာရီဝက်ကြာမှ ရေအေးသောက်ကြပါရန် အမေရိကန်ရှိ ကျန်းမာရေးသုတေသီတွေက အင်တာနက်သတင်းမှာ အကြံပေးဖော်ပြခဲ့ပါတယ်။

ဒါ့ကြောင့် အထက်ပါဖော်ပြခဲ့တဲ့ ကျန်းမာရေးဆောင်းပါးကို ဖတ်လိုက်ပြီးတာနဲ့ သင်ကိုယ်တိုင်လည်း သတိပြုဆင်ခြင်နိုင်ပြီး မိသားစုသူငယ်ချင်းတွေပါသိအောင် မျှဝေပေးလိုက်ပါဦးနော် 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။