မြန်မာနိုင်ငံအနေဖြင့် လူကုန်ကူးမှုဖြစ်စဉ်များမကြာခဏံဆိုသလို ကြုံရလေ့ရှိသည်။ ဗဟုသုတနည်းပါးခြင်းနှင့် ငွေရေးပြသာနာများက မြန်မာတို့ကို အမြဲလူကူန်ကူးခံရလေ့ရှိစေသည်။ မကြာခဏဆိုသလို မိန်းမပျိုများကို တရုတ်ထံသို့ လူကုန်ကူးသူများက ရောင်းချလေ့ရှိသည်။ ထိုင်းသို့လည်း မကြာခဏဆိုသလို လူကုန်ကူးလေ့ရှိကြသည်။

စစ်တမ်းများအရ မန်မာနိုင်ငံတွင် တစ် လလျှင် ပျမ်းမျှလူ ၂၉ ဦးနှုန်းလူ ကုန်ကူးခံနေရကြောင်း လူကုန်ကူး မှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ စာရင်းများတွင် ဖော်ပြထားသည်။၂၀၀၆ မှ ၂၀၁၆ အထိ ၁၀ နှစ်တာအတွင်း လူကုန်ကူးမှုဖြစ်စဉ် ၁,၃၈၀ မှု အ နက် လူကုန်ကူးမှုကျူးလွန်သူ ၃,၇၁၃ ဦးကို အရေးယူနိုင်ခဲ့ပြီး လူကုန်ကူူးခံရသူ ၃,၄၈၀ ဦးကို ကယ်တင်နိုင်ခဲ့သည်ဟု အဆိုပါစာရင်းတွင် ဖော်ပြသည်။ ယင်းကိန်းဂဏန်းများအရ ဆိုပါက တစ်လလျှင် ပျမ်းမျှလူ ၂၉ ဦးနှုန်း လူ ကုန်ကူးခံနေရခြင်း ဖြစ်သည်။ ဖြစ်စဉ်များအရ တရုတ်နိုင်ငံသို့ ဦးတည်၍ ထိမ်းမြားလက်ထပ် မှုအတွက် လူကုန်ကူးခံရမှုအများ ဆုံးဖြစ်ပွားနေပြီး ကာယကံရှင်ကိုယ်တိုင် သဘောတူကာလိုက်ပါမှုများလည်း ရှိနေကြောင်း သိရသည်။

လူကုန်ကူးမှုတားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့၏ နိုဝင်ဘာ ၁ ရက် ထုတ်ပြန်ချက်တွင် ခုနှစ်များအ လိုက် ဖြစ်ပွားမှု၊ ပြစ်မှုကျူးလွန်သူ နှင့် လူကုန်ကူးခံရသူများ၏ စာ ရင်းများသာဖော်ပြပြီး အမှုဖြစ်ပွားပုံအပါအဝင် အခြားအသေးစိတ်အချက်အလက်များ ဖော်ပြထားခြင်း မရှိပေ။ လူကုန်ကူးခံရသူများသည် အဓမ္မထိမ်းမြားလက်ထပ်ခြင်း၊ ပြည့်တန်ဆာအဖြစ် ခိုင်းစေခြင်း၊ လုပ်အားခေါင်းပုံဖြတ်ခြင်း၊ အဓမ္မစေခိုင်းခြင်း၊ ကလေးသူငယ်လူ ကုန်ကူးခြင်း၊ အဓမ္မတောင်းရမ်း စေခိုင်းခြင်း၊ အဓမ္မမွေးစားခြင်းနှင့် လိင်မှုဆိုင်ရာ ခေါင်းပုံဖြတ်ခြင်းဆိုသည့် ပုံစံ ခုနစ်မျိုးဖြင့် ဖြစ်ပွား နေကြောင်း လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့က ထုတ်ပြန် ထားသည်။ ထို့အပြင် လူကုန်ကူးမှုတား ဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့သည် အဓိကအားဖြင့် လူမှောင်ခိုအမှု နှင့် ကလေးသူငယ်များအား မ တော်မတရား ပြုလုပ်မှုများကို လည်း စုံစမ်းဖော်ထုတ်အရေးယူ ဆောင်ရွက်နေပြီး ပြည်သူများကလည်း ပူးပေါင်းပါ၀င်ပေးရန်မေတ္တာရပ်ခံအပ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

Source – 7 Days News

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။