အမေရိကန် သမ္မတ ဒေါ်နယ်ထရန့် ရဲ့ သမီး Ivanka Trump ဟာ တကယ့်ကိုချောမောလှပသူလေးပါ။ သူမဟာ အောင်မြင်တဲ့ မော်ဒယ်တစ်ယောက်လည်းဖြစ်ပါတယ်။ သူမ အမေ ရဲ့ အနုပညာခြေရာကို လိုက်မှီသူလို့ ပြောရင်လည်းမမှားပါဘူး။ ၁၉၉၀ ခုနှစ်အတွင်း ဖက်ရှင်ရှိုးပွဲပေါင်းများစွာမှာ မော်ဒယ်အဖြစ်ပါ၀င်ခဲ့ပါတယ်။ သူမဟာ စီးပွားရေးပညာ အထူးပြုနဲ့ ၂၀၀၄ ခုနှစ်မှာဘွဲ့ရထားသူပါ။

သူမ အဖေ ထရန့် ရဲ့ ခြေရာကို လည်း အမှီလိုက်နိုင်သူပါ။ Ivanka ဟာ သူမရဲ့ ကိုယ်ပိုင် လက်ဝတ်ရတနာဆို်င် အပြင် ကိုယ်ပိုင် အင်တာနက်စာမျက်နှာပါ တည်ထောင်ပြီး အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်အမျိုးသမီး အဖြစ် လုပ်ကိုင်လျက်ရှိပါတယ်။၂၀၁၆ ခုနှစ်တုန်းက သမ္မတ ထရန့် မဲဆွယ်စည်းရုံးစဉ် သူမ အဖေအတွက် ပါ၀င်ကူညီ ခဲ့ပါသေးတယ်။ မတ်လ ၂၀၁၇ခုနှစ်မှာ တော့ သမ္မတ အကြံပေးရာထူးကို ရရှိခဲ့ပါတယ်။

ဒေါ်နယ်ထရန့် သမ္မတဖြစ်ပြီးနောက် သူမ လည်း မော်ဒယ်တစ်ယောက် အဖြစ်မှ သမ္မတကြီးရဲ့ သမီးအဖြစ် လူသိများလာပါတယ်။ ထို့အတူပဲ သူမ ရဲ့ ဖက်ရှင်ဒီဇိုင်းတွေ ကလည်း တဖြည်းဖြည်း ပြောင်းလဲလာခဲ့ပါတယ်။ သူမ ဟာ အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်အမျိုးသမီး အဖြစ်ရော ဖက်ရှင်ကျ လှပသူ အဖြစ်ပါ အမေရိကန် နိုင်ငံတစ်ဝှမ်းလူသိများလျက်ရှိပါတယ်။

Source: The Mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။