ပြီးခဲ့တဲ့ သူမရဲ့မွေးနေ့မှာ လက်ဆောင်အဖြစ် ပရိသတ်တွေ ပေးတဲ့ ရွှေအိမ်စည် တစ်ယောက် ရွှေရောင်ဝတ်စုံလေးနဲ့ အရမ်းကိုလှနေတာမြင်တွေ့ရပါတယ်။

Miss Grand Myanmar အလှမယ်ဟောင်း ရွှေအိမ်စည်ဟာ ပြိုင်ပွဲဝင်ခါနီးတစ်ပတ်အလိုမှာ သရဖူရုတ်သိမ်းခံခရပြီးနောက် လူမှုကွန်ရက်မှာ လူသိရှင်ကြား နာမည်ကြီးလာတာအားလုံးသိမှာပါ။

နိုင်ငံတကာသိအောင် ARSA အကြမ်းဖက်သမားတွေရဲ့အကြောင်း ၊ ရခိုင်ပြည်နယ်က ဖြစ်ကြောင်းကုန်စဉ်ကို ဗီဒီယိုဖိုင်နဲ့တကွ ချပြခဲ့ပြီးနောက်မှာ အဖွဲ့အစည်းက သူ့ကို သရဖူပြန်သိမ်းခဲ့တယ်ဆိုပြီး လူပြောများခဲ့တာပါ။

လက်တလောမှာတော့ အနုပညာလှုပ်ရှားမှုအနေနဲ့ Photo Shooting တွေဆက်တိုက်ရိုက်နေတဲ့ အိမ်စည်ဟာ သူမကို ပရိသတ်တွေပေးတဲ့လက်ဆောင်လဲဖြစ်သလို ဒီဇိုင်နာ သဲစန္ဒီဦးချုပ်ပေးထားတဲ့ အောင်သမာဓိရွှေနဲ့ ၀တ်စုံလေးဝတ်ဆင်ထားပြီးရိုက်ကူးထားတဲ့ပုံတွေက ရေပန်းစားနေပါတယ်။

ထက်မြတ်သွက်လက်တဲ့ သူမရဲ့ ဟန်ပန်တွေနဲ့ ကျစ်လျစ်လှပတဲ့ ခန္ဓာကိုယ်ကောက်ကြောင်းအလှကတော့ ပရိသတ်တွေမျက်စိထဲမှာ ဆွဲဆောင်မှုအပြည့်ရှိနေတာဖြစ်ပါတယ်။

တပ်မတော်ထောက်ခံပွဲမှာလည်း အိမ်စည်ဟာ ၀င်ရောက်ဟောပြောခဲ့ပြီး ပြည်သူလူထုရဲ့ မေတ္တာခံယူခဲ့ပြီး ပရိသတ်ပိုများလာဆဲဖြစ်ပါတယ်။  

Source : Shwe Eain Si fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။