မင်းသမီးချောလေး နန်းဆုရတီဆိုးကတော့ ကြုံတုန်းလေးပါဆိုပြီးတော့ G-fatt အတွက် ကြော်ငြာဝင်ပေးလိုက်ပြန်ပါတယ်..။

နန်းဆုရတီစိုးနဲ့ G-fatt တို့ဟာ သူတို့ရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်စာမျက်နှာပေါ်တွေမှာ လူပြောများနေတာလည်း ဖြစ်ပါတယ်..။

မကြာသေးခင်ကမှ ထွက်ရှိထားတဲ့ နီနီခင်ဇော်ရဲ့ U အယ်ဘမ်သစ်ထဲက တေးသီချင်းတွေထဲမှာ အကြိုက်ဆုံးနဲ့ အကြွေဆုံး သီချင်းတွေကို ပြောပြရင်း G-fatt ကို ကြော်ငြာဝင်ပေးလိုက်တာ ဖြစ်ပါတယ်..။

နီနီခင်ဇော်က သူမရဲ့ U အခွေလေးပေါ်မှာ နာမည်လေးတွေရေးပြီး သူမရဲ့ အနုပညာရှင် သူငယ်ချင်း မိတ်ဆွေတွေကို လက်ဆောင်ပေးခဲ့တာ ဖြစ်ပြီး နန်းဆု နားထောင်ဖို့ဆိုပြီး နန်းဆုရတီစိုးကိုလည်း ပေးခဲ့တာ ဖြစ်ပါတယ်..။

နန်းဆုက အခွေလေး လက်ဆောင်ပေးတဲ့ နီနီကို ကျေးဇူးတင်စကားနဲ့ တခွေလုံးကောင်းတဲ့ အကြောင်းပြောရင်း သူမရဲ့အကြိုက်ဆုံးနဲ့ အကြွေဆုံးသီချင်းတွေကိုလည်း ပြောပြခဲ့ပါတယ်..။

နန်းဆုက သူမအသုံးပြုတဲ့ fb စာမျက်နှာမှာ အခုလို ရးသားပြီး တင်ထားတာ တွေ့ရပါတယ်..။

“Thank uနီနီရေ တခွေလုံးနားထောင်ပြီးပြီ အရမ်းကောင်း

အကြိုက်ဆုံးနဲ့အကြွေဆုံးတွေက

အလကားပဲ

Good kisser

Millionaire Dollars baby ” ဆိုုပြီး သူမရဲ့ fb စာမျက်နှာမှာ တင်ထားတာ ဖြစ်ပါတယ်..။

သူမပြောတဲ့ နောက်ဆုံးတစ်ပုဒ် “Millionaire Dollars baby” သီချင်းဟာ နီနီခင်ဇော်နဲ့ G-fatt တို့နှစ်ယောက်သီဆိုထားတဲ့ သီချင်းဖြစ်ပါတယ်..။

အဲ့လိုတင်ပြီး မိနစ်ပိုင်းမှာပဲ သူမရဲ့ ပို့စ်အောက်မှာတော့ သူငယ်ချင်းတွေက Comment တွေမှာ ဝိုင်းနောက်ထားတာတွေ့ရပါတယ်..။

အဆိုတော် ဟိဏ်းသစ်က “နောက်ဆုံးသီချင်းလေးက မပါ မဖြစ်ပါ” လို့ နောက်ထားပြီး နီနီကတော့ “Ma Nansu Yati Soe Brand name များ သီးသန့်ဝင်ရေးသားသည်” လို့ ပြောထားပြီး နန်းဆုကလည်း “ကြုံတုန်းလေးပါ” ဆိုပြီး ပြန်လည် ပြောထားတာ တွေ့ရပါတယ်..။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။