ကော်ဖီဟာ ကိုရီးယားမှာတော့ လူကြိုက်များတဲ့ အဖျော်ယမကာ တွေထဲက တစ်ခုပါ။ ကော်ဖီကို အလွန်ကြိုက်နှစ်သက်တဲ့ နာမည်ကျော် ကိုရီးယား K-Pop Idols ငါးယောက်ကို ဖော်ပြပေးလိုက်ပါတယ်။

Girl’s Generation Yoona

ကော်ဖီကြိုက်သူတွေထဲမှာ Girl’s Generation မှ Yoona ကိုတော့ ချန်ထားလို့မရပါဘူး။ သူမဟာ ကော်ဖီကို အလွန်စွဲစွဲလမ်းလမ်း ကြိုက်နှစ်သက်သူပါ။ လွန်ခဲ့တဲ့ နှစ်များစွာကတည်းက သူမ ဟာ ကော်ဖီကို နှစ်သက်စွာ သောက်သုံးသူပါ။ မင်းသား Jang Keun Suk ကတောင် Yoona ကော်ဖီကြိုက်နှစ်သက်တာသိတာကြောင့် သူမကို တိတ်တဆိတ်ကော်ဖီ ၀ယ်တိုက်ဖူးပါတယ်။

Hyuna

ယခင် အဖွဲ့ဝင်ဟောင်း Nam Ji Hyun ရဲ့ ပြောပြချက် အရ Hyuna က လည်းကော်ဖီကြိုက်သူပါတဲ့။ သူမ ဟာ မနက်တိုင်း ကော်ဖီကို ပုံမှန်သောက်သုံးလေ့ရှိပါတယ်။

BTS’ Suga

BTS အဖွဲ့မှ Suga (min yoongi) ကလည်း ကော်ဖီကြိုက်သူတွေထဲကတစ်ယောက်ပါ။ သူ့ရဲ့ နေ့စဉ်ပုံမှန် လှုပ်ရှားမှု တွေထဲ မှာ ကော်ဖီ သောက်ခြင်းဟာ မပါမဖြစ်ပါတဲ့။

Girl’s Generation Taeyeon

Taeyeon ကတော့ တကယ့်ကို ကော်ဖီ ကို စွဲစွဲလမ်းလမ်းနှစ်သက်သူပါ။ သူမကို အမြဲတမ်း လက်ထဲမှာ ကော်ဖီခွက် ကိုင်ထားတာ အမြဲတွေ့ရမှာပါ။ သူမ ပရိသတ်တွေ လည်း သတိထားမိကြပါတယ်။

VIXX’s Leo

Leo ဟာ တစ်ပတ်ကို ကော်ဖီ ၁၂ ခွက်အထိ သောက်နိုင်ပါတယ်တဲ့။ ထိုသို့ထုတ်ဖော်ပြောဆိုအပြီး သူ့ကို အဖွဲ့ဝင်တွေက “the Latte fairy” ဆိုပြီး နာမည်ပြောင်ပေးထားပါတယ်။

Source: Korean Entertainment

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။