ဘယ်သူမဆို အလုပ်တခုမှာ အောင်မြင်မှု ရဖို့အတွက် အချိန်တွေ၊ လူအင်အားတွေ အများကြီးပေးဆပ်ကြရတာပါ။ သရုပ်ဆောင်ဖြိုးငွေစိုး ဟာဆိုရင်လည်း သူခုလို နေရာရောက်လာဖို့အတွက် ဓာတ်ပုံလောက၊ VCD လောကမှာ အကြာကြီး ကျင်လည် ခဲ့ရသေးတယ်လို့ ပြောပြခဲ့ပါတယ်။

သရုပ်ဆောင် ဖြိုးငွေစိုး ဟာ သူ ဗီဒီယို လောကကို စတင်ဝင်ရောက်တဲ့ အချိန် ပထမဦးဆုံး ဗီဒီယို ဇာတ်ကားမှာ သူကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်လေးတွေကို ဟာသလေးအဖြစ်နဲ့ သူ့ ပရိတ်သတ်ကြီးကို ခု လိုပြန်ပြောပြခဲ့ပါတယ်။

“VCD တော်တော် ကြီး ရိုက်ပြီးတော့မှ ပထမဆုံး ဗီဒီယို ရိုက်ဖို့လာပြောတော့ ကိုယ်က မရိုက်ရဲဘူးပေါ့ ဒါပေမဲ့ ရိုက်ရမယ့်ကားက လေတပ် ဂုဏ်ပြု ဇာတ်လမ်း အရင်တုန်းက ကိုလွင်မိုးက နှစ်တိုင်း ရိုက်တာကိုး အဲ့နှစ်မှာ ကိုယ်နဲ့ စရိုက်မယ်ဆိုတော့ ရိုက်မယ် ကိုက ကိုလွင်မိုးကို အရမ်းကြိုက်တာကိုး ကိုလွင်မိုးပုံစံ တအား လိုက်လိုက် လုပ်တာကိုး ကိုလွင်မိုးရိုက်တဲ့ဟာဆိုတော့ ရိုက်ချင်တယ် ပြီးတော့ ပိုင်းလော့လုပ်ရမှာဆိုတော့ အကိုက ငယ်ငယ်ထဲ က ပိုင်းလော့ တအားဖြစ်ချင်တာ အဲ့တာနဲ့ သဘောတူလိုက်ရော မသိတာ တခုက အဲ့ကား ရိုက်မယ် ဆို ပြီး တပ်ထဲ သွားနေရမှာရယ် ဆံပင်ကို စစ်သားကေ ညှပ်ရမှာရယ် အဲ့တာ မသိလိုက်ဘူး ကန်တော့ ပွဲမှာ ထိုင်နေတယ် မင်းသားအသစ်ဆိုပြီး ဓာတ်ပုံတွေ ဝိုင်းရိုက်နေတာဆိုတော့ အဲ့ချိန်မှာ တပ်ကြပ်ကြီးကရောက်လာပြီး ဂွပ်ဂွပ်နဲ့ ထိုင်ခုံမှာတင် ဆံပင်လာညှပ်သွားတယ် ကန်တော့ပွဲထဲက ထိုင်ခုံမှာတင်ညှပ်လိုက်တာ စက်ကပ်ကျေးနဲ့ ထိုးလိုက်တာ ပြီးတော့မှ ကန်တော့ပွဲကို ဓာတ်ပုံဆက်ရိုက်ခိုင်းတာ ဘာလို့လဲ ဆိုတော့ စစ်သားပုံမပေါက်လို့တဲ့လေ”

ဇာတ်ကားရိုက်ကူးဖို့ အတွက် လေတပ်ထဲမှာ နှစ်လခန့် သွားရောက် နေထိုင်လေ့ကျင့် ခဲ့ရပြီး လေတပ်ထဲ က ပိုင်းလော့ အကိုကြီးများနှင့် ခင်မင်ခွင့်ရ သည်မှာ အမှတ်တရဖြစ်ကြောင်း၊ အဆိုပါဇာတ်ကားနာမည် မှာ အိပ်မက်ရင်ပြင် မိုးကောင်းကင် ဖြစ်ပြီး လူမင်း၊ ဖြိုးငွေစိုး၊ မအူဝဲတို့ပါဝင်သရုပ်ဆောင်ထားကြောင်း သိရပါတယ်။

Source – Myanmar Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။