No အဖွဲ့ဆိုတာ 90 Born တွေကြားမှာ အကြီးအကျယ်ရေပန်းစားခဲ့တဲ့ Girl Band တစ်ခုပဲ ဖြစ်ပါတယ်။ အားပေးသူပရိတ်သတ်တွေကလည်း သောင်းသောင်းဖျဖျအားပေးကြပြီး ယနေ့ ထက်တိုင် သူမတို့ရဲ့ သီချင်းတွေက ပရိတ်သတ်တွေကြားမှာ ရေပန်းစားနေတုန်းပါပဲ။ သဇင် ရည်မွန်နဲ့ ရတနာဆိုတဲ့ မိန်းမလှလေးသုံးယောက်ဖွဲ့စည်းထားတဲ့ No အဖွဲ့ကို 2003 ခုနှစ် မှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး “ ဘာလိုသေးလဲ ” ဆိုတဲ့အခွေလေးနဲ့ ပရိတ်သတ်တွေရင်ထဲ ရောက်ခဲ့တာပဲဖြစ်ပါတယ်။

မိသားစုကိုယ်စီနဲ့အဆင်ပြေပြေဘဝခရီးကို လျှောက်လှမ်းနေကြသူတွေပဲဖြစ်ပါတယ်။ အဆို တော် ရည်မွန်ဟာ လက်ရှိမှာတော့ ချစ်စဖွယ်သားလေးတစ်ယောက်ကို ပိုင်ဆိုင်ထားပြီး ပျော်ရွှင်စရာ မိသားစုဘဝလေးနဲ့ဖြတ်သန်းနေတာပဲဖြစ်ပါတယ်။ ရတနာဆိုရင်လည်း သူမရဲ့ ယခင်အိမ်ထောင်နဲ့ အဆင်မပြေမှုလေးတွေရှိတာမို့ လမ်းခွဲလိုက်ပြီး တစ်ယောက်တည်း ရပ်တည်နေတာ သုံးနှစ်လောက် ရှိပြီလို့ဆိုပါတယ်။ လူတိုင်းကအဆင်ပြေမယ်ထင်လို့ လက်တွဲခဲ့ကြပေမယ့် တကယ်တမ်းဖြစ်မလာတဲ့ အခါ အဆင်မပြေမှုတွေကြောင့် လမ်းခွဲခဲ့ရ တယ်လို့ဆိုပါတယ်။

အဖွဲ့ဝင်တစ်ယောက်လျော့နည်းသွားပြီးနောက်ပိုင်းမှာ သူမတို့ဟာသီချင်းခွေအသစ်ထပ်မ ထုပ်တော့ပဲ Show ပွဲတွေမှာပဲ အတွေ့များရတတ်ပါတော့တယ်။ အခွေအသစ်ထပ်မထုပ် ဖြစ်တော့တာကလည်း ကိုယ်ပိုင်မိသားစုဘဝလေးကိုအချိန်ပေးနေတာကြောင့်လို့ အဆိုတော် ရတနာက Interview တစ်ခုမှာ ဖြေကြားထားပါသေးတယ်။ သူမကလက်ရှိမှာတော့မေ တ္တာသင်္ဂဟလူမှုကူညီရေးအသင်းမှာ ဘဏ္ဍာ ရေးမှုးအဖြစ်ဆောင်ရွက်နေပြီး သစ်တံ ခါးပရဟိတဖောင်ဒေးရှင်းမှာလည်း သူမကအဖွဲ့ဝင်တစ်ယောက် ဖြစ်တယ်လို့သိရပါတယ်။ အားလပ်တဲ့အချိန်တွေတိုင်းပရဟိတလုပ်ငန်းတွေ လုပ်ဖြစ်တယ်လို့ဆိုပါ တယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။