ပြည်သူ့အချစ်တော်အဆိုတော်နန်းစုရတီစိုးရဲ့ ချစ်စရာတူအမွှာလေးနှစ်ယောက်ဖြစ်တဲ့ သသနဲ့ သူသူတို့ကတော့ ဒီနေ့မှာ ငါးနှစ်ပြည့်သွားပြီပဲဖြစ်ပါတယ်။ Happy Birthday ပါ ကလေးတို့ရေ။ ချစ်စရာကောင်းတဲ့ ကလေးလေးနှစ်ယောက်ရဲ့ မွေးနေ့ပွဲကိုတော့ မူကြိုမှာ ပဲမိဘတွေ ကလေးတွေနဲ့ အတူကျင်းပခဲ့တာပဲဖြစ်ပါတယ်။ တကယ့်ကိုပျော်စရာကောင်းတဲ့ မွေးနေ့ပွဲလေးပါပဲ။ ပုံရိပ်လေးတွေကလည်း ချစ်စရာကောင်းပြီး ကလေးလေးတွေကလည်း ချစ်ဖို့ကောင်းနေပါတယ်။

သူမရဲ့အမွှာတူလေးတွေရဲ့ပုံရိပ်ကို Facebook မှာ မကြာမကြာတင်လေ့ရှိပါတယ်။ ပြီးခဲ့တဲ့ လပိုင်းတွေတုန်းကလည်း သူမရဲ့အမွှာတူလေးတွေနဲ့အတူ ကစားကွင်းသွားခဲ့တဲ့ ပုံရိပ်တွေ ကို တင်ခဲ့ပါသေးတယ်။ အမွှာသားလေးနှစ်ယောက်ကတည်း တကယ်ကိုချစ်စရာကောင်း တဲ့ ကလေးလေးတွေဖြစ်ပါတယ်။ သူတို့နှစ်ယောက်နဲ့အတူ အဒေါ်ဖြစ်သူ နန်းစုရတီစိုးကတွဲ ဖက်ရိုက်ကူးထားတဲ့ ပုံရိပ်လေးတွေဟာ တကယ့်ကိုချစ်စဖွယ်မိသားစုပုံရိပ်လေးတွေကို ဖော် ညွှန်းနေပါတယ်။

သသနဲ့သူသူတို့ရဲ့ ငါးနှစ်ပြည့်မွေးနေ့ပွဲလေးကို ကလေးတွေရဲ့မူကြိုမှာ မိဘတွေသူငယ်ချင်း တွေ ဆရာမတွေနဲ့ကျင်းပခဲ့ပြီး မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ပျော်စရာမွေးနေ့ပွဲလေးဖြစ်ခဲ့ပါတယ်။ သား သားလေးတို့ အသက်ရှည်စွာ အနာမဲ့ပြီး အနာဂတ်ရဲ့ သားကောင်းရတနာလေးတွေဖြစ်ပြီး ပညာတတ်ကြီးတွေ ဖြစ် ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ ကလေးနှစ်ယောက်ရဲ့ ချစ်စဖွယ် မွေးနေ့ကျင်းပနေတဲ့ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။