အမေရိကန် သမ္မတ ထရန့် အရှေ့အာရှ ခရီးစဉ် ထွက်လာတဲ့ အချိန်မှာ အမေရိကန်ရေတပ် က ဂျပန်တွင် အခြေစိုက်သည့် USS Roanld Reagan၊ ဆန်ဒီယေးဂိုးတွင် အခြေစိုက်သည့် USS Theodore Roosevelt နှင့် ဝါရှင်တန်တွင် အခြေစိုက်သည့် USS Nimitz တို့သည် တူညီသော လမ်းကြောင်း၊ တူညီသော အရပ်ဒေသတို့တွင် ခုတ်မောင်းကာ စစ်ရေးလေ့ကျင့်မှု ပြုလုပ်သွားမည်ဟု ကြေငြာခဲ့ပါတယ်။

လေယာဉ်တင် သင်္ဘောကြီး သုံးစီးသည် ကိုရီးယား ရေလက်ကြားအလွန် ဂျပန်ပင်လယ်ပြင်တွင် စစ်ရေးလေ့ ကျင့်မည် ဖြစ်ပြီး အဆိုပါကိစ္စနဲ့ ပတ်သက်ပြီး အမေရိကန်၏ ပစိဖိတ် ရေတပ်ဖွဲ့ကြီးမှ ဦးစီးမှူးဖြစ်သူ သေနာပတိ စကော့ဆွစ်ဖ် က ခုလိုပဲ ပြောကြားခဲ့ပါတယ်။

“ရေတပ်ရဲ့ လေယာဉ်တင် သင်္ဘောနှစ်စီး ပူးပေါင်း လေ့ကျင့်တယ် ဆိုတာက ရှားပါး အခြေအနေပါ။ သုံးစီးပေါင်းသွားတယ် ဆိုတာကတော့ မကြုံစဖူးလို့တောင် ပြောလို့ရတယ်”

စစ်ရေးကျွမ်းကျင်သူတွေကတော့ ခုလို သဘောၤ သုံးစီး စုပေါင်းပြီး သမုဒ္ဒရာနှင့် ဂျပန်ပင်လယ်တို့တွင် စစ်ရေးလေ့ကျင့်မှုသည် မြောက်ကိုရီးယားအပေါ် ကြီးကြီးမားမား ခြိမ်းခြောက်လာသည့် အင်အားပြမှု တစ်ခုရပ် လို့ မှတ်ယူကြပါတယ်။

အမေရိကန် ရေတပ်တွင် လေယာဉ်တင်သင်္ဘော သုံးစီး ပူးပေါင်းပြီး လေ့ကျင့်မှုသည် ဆယ်နှစ်အတွင်း ပထမဆုံး အကြိမ်လည်း ဖြစ်ပြီး ၂၀၀၇ ခုနှစ်ကမူ ဂူအမ်ကမ်းလွန်တွင် Valiant Shield စစ်ရေးလေ့ကျင့်မှုအဖြစ် ယင်းကဲ့သို့ လေယာဉ်တင် သင်္ဘောကြီး သုံးစီး ပူးပေါင်းခဲ့ဖူးကြောင်း သိရှိရသည်။

Source – 7 Day Daily

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။