နာမည်ကျော် မော်ဒယ် Kendall Jenner ဟာ သူမ ရဲ့ အချစ်ရေးနဲ့ပတ်သက်ပြီး အလွန်လျို့ဝှက်သူပါ။ အခုတော့ သူမ ကို အမျိုးသားမော်ဒယ် တစ်ယောက်နဲ့ ကမ်းခြေမှာ ချိန်းတွေ့ တာကို တွေ့ခဲ့ရပါတယ်။ အဲ့ဒါကြောင့်မော်ဒယ် Kendall Jenner မှာ အချစ်သစ်ရှိနေပြီလားဆိုပြီး ပရိသတ်တွေက ပြောဆိုနေကြပါတယ်။ ကြည့်ကောင်းနေတဲ့ သူတို့စုံတွဲဟာ တစ်ယောက်နဲ့တစ်ယောက် လက်တွဲမဖြုတ်ဘဲ Malibu ကမ်းခြေမှာ လျှောက်လည်နေကြတာကို တွေ့ခဲ့ရတာပါ။

တချိန်မှာ မော်ဒယ် အမျိုးသားဟာ Kendall Jenner ကို ဆွဲချီမြှောက်လိုက်ပါသေးတယ်။ သူမ အနေနဲ့ အဆိုပါ မော်ဒယ် မင်းသားနဲ့ ပျော်ရွှင်ကြည်နှုးနေတာကို ပါပါရာဇီတွေက အမိအရမှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ အဖြူရောင် ဂျင်းဘောင်းဘီ နဲ့ လိမ္မော်ရောင် ဆွယ်တာ အကျီလေးနဲ့ ပေါ့ပေါ့ပါးပါး ၀တ်ဆင်ထားတဲ့ Kendall Jenner ကို ကမး်ခြေတစ်လျှောက် ပျော်မြူးလျှောက်သွားနေခဲ့ပါတယ်။ သူမ လက်ထဲမှာ လည်းဗီဒီယို ကင်မရာတစ်ခုကို ကိုင်ဆောင်ထားပြီး မှတ်တမ်းတင် ဗီဒီယိုကို ရိုက်ကူးနေပါတယ်။

သူတို့ နှစ်ယောက် ဆက်ဆံရေးနဲ့ ပတ်သက်ပြီး လက်ရှိအချိန်ထိတော့ လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခြင်းမျိုးမရှိသေးပါဘူး။ ယခင် အပတ်က Kendall Jenner ဟာ သူမရဲ့ ၂၂ နှစ်မြောက်မွေးနေ့ပွဲကို ကျင်းပခဲ့ပါသေးတယ်။ ဟောလိ၀ုဒ် အနောက်ဘက် မှာ ရှိတဲ့ Le petit ဆိုတဲ့ စားသောက်ဆိုင်မှာ ကျင်းပခဲ့တာပါ။ မွေးနေ့ပွဲတက်ရောက်လာတဲ့ Kendall Jenner ကို ဖက်ရှင်အလန်းစားနဲ့ တွေ့မြင်ရမှာပါ။

Source: The Mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။