သရုပ်ဆောင်နှိုင်းယှဉ်မြင့်မိုရ်ဆိုရင် ပရိတ်သတ်တွေသိကြမယ်ထင်ပါတယ်။ ဇာတ်ပို့သရုပ် ဆောင်တစ်ယောက်ဖြစ်ပြီး ကျရာဇာတ်ရုပ်ကိုလဲပိုင်ပိုင်နိုင်နိုင်သရုပ်ဆောင်နိုင်တဲ့သရုပ်ဆောင် ကောင်း တစ်ယောက်ဖြစ်ပါတယ်။ သူမမှာချစ်စဖွယ်သားလေးတစ်ယောက်ကိုပိုင်ဆိုင်ထား ပြီး ဟာသသရုပ်ဆောင်တစ်ဦးဖြစ်တဲ့ Ko Bean နဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့မိသားစုဘဝ လေးကိုပိုင်ဆိုင်ထားတဲ့သူပဲဖြစ်ပါတယ်။ ဇာတ်ကားတော်တော်များများမှာ သူမကိုတွေ့ရ တတ်ပြီး အရည်အချင်းရှိတဲ့ ဇာတ်ပို့သရုပ်ဆောင်တစ်ဦးလည်းဖြစ်ပါတယ်။

လတ်တလောမှာတော့ သူမက မင်းသားခန့်စည်သူ မင်းသမီးနန်းဆုဦးတို့ပါဝင်ပြီး ဒါရိုက်တာ သက်နေထွန်းရိုက်ကူးတဲ့ ဇာတ်ကားမှာပါဝင်သရုပ်ဆောင်နေတာဖြစ်ပြီး ဇာတ်ကားကတော့ ဒီနေ့စတင်ရိုက်ကူးတာဖြစ်ပါတယ်။ ဒီဇာတ်ကားတစ်ကားလုံးမှာတော့ သူမက ဒီဇိုင်နာမဆု ချုပ်ပေးတဲ့ ကျက်သရေရှိပြီး ချစ်စရာကောင်းတဲ့ မြန်မာဝတ်စုံလေးတွေကိုချည်းပဲ ဝတ်ဆင် မယ်လို့ဆိုပါတယ်။ တစ်သားမွေးတစ်သွေးလှဆိုသလို လှနေတဲ့သူမရဲ့ခန္တာကိုယ် ပြည့် ပြည့်လေးနဲ့ ချစ်စဖွယ်မျက်နှာလေးက သူမဝတ်ဆင်ထားတဲ့ မြန်မာဝတ်စုံလေးနဲ့ အရမ်းကို လိုက်ဖက်နေပါတယ်။

မြန်မာမိန်းကလေးတိုင်း မြန်မာဝတ်စုံဝတ်ရင် လိုက်ဖက်လှပပြီးတင့်တယ်နေကြတာချည်းပါပဲ။ အလှတစ်မျိုးစီနဲ့ ယဉ်စစလေးတွေဖြစ်နေကြပါတယ်။ နှိုင်းယှဉ်မြင့်မိုရ်အနေနဲ့ သူမပါဝင် ရိုက်ကူးတဲ့ ဇာတ်ကားတစ်ကားလုံးကို မြန်မာဝတ်စုံလေးတွေချည်းပဲဝတ်မယ်ဆိုတော့စိတ်ဝင် စားစရာပါပဲနော်။ မြန်မာဝတ်စုံလေးတွေကို မြတ်မြတ်နိုးနိုးဝတ်တဲ့ မြန်မာမလေးတစ်ယောက်ရဲ့ ပုံရိပ်လေးတွေကလည်း ချစ်စဖွယ်ပါပဲ။ သူမရဲ့မြန်မာဆန်ဆန်နဲ့ လှပနေတဲ့ ပုံရိပ်လေးတွေကို ပြန်လည်တင်ပြပေးလိုက်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။