မော်လ်ဒယ် သရုပ်ဆောင် အွန်ဆိုင်းတစ်ယောက်ကတော့ စွန့်စွန့်စားစား လုပ်ရတာတွေကို ဝါသနာပါသူတစ်ယောက် ဖြစ်ပါတယ်..။

အခုလည်း စွန့်စွန့်စားစားလုပ်ရတာကို ဝါသနာပါတဲ့ သူမဟာ ဥရောပအထိ သွားရောက်ပြီး Skydive ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်..။

မိန်းကလေးတစ်ယောက် အနေနဲ့မဟုတ်ဘဲ ယောင်္ကျားလေးတစ်ယောက်အနေနဲ့တောင် Skydive လုပ်ဖို့ ခက်ခဲကြတာ ဖြစ်ပြီး တော်ရုံလူမလုပ်နိုင်တဲ့ အလုပ်ကို စွန့်စားရတာ ကြိုက်တဲ့ သူမကတော့ ခက်ခက်ခဲခဲသွားရောက်ပြီး ရအောင်ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်..။

Skydive ပြုလုပ်ဖို့ ပထမတစ်ရက် လေအရမ်းကြမ်းလို့ လုပ်လို့ မရတဲ့အတွက် ပြန်လာခဲ့ရပြီး နောက်ရက်မှသာ တစ်ယောက်တည်း ရအောင်သွားရောက် Skydive ပြုလုပ်ခဲ့ပါတယ်..။

အဲ့ဒီကို သွားရောက်ဖို့လည်း ဘတ်စ်ကားတစ်တန် ရထားတစ်တန် သွားရောက်ပြီးနောက် ကားကြုံလည်း စီးခဲ့ရတယ်လို့ ဆိုပါတယ်..။

သူမအတွက်တော့ ခရီးသွားခြင်းဟာ သင်ယူခြင်းပါပဲ.. လို့ ဆိုပါတယ်..။

အဲ့ဒီအကြောင်းကို အွန်ဆိုင်းက သူမအသုံးပြုတဲ့ fb စာမျက်နှာမှာ အခုလို ရေးသားထားပြီး ပရိသတ်တွေကို ပြန်လည်မျှဝေထားပါတယ်..။

“ပထမ တစ်ရက် လမ်းတစ်ဝက်နဲ့ လှည့်ပြန်လာတယ် လေအရမ်းကြမ်းလို့ လုပ်လို့မရဘူး ဆိုလို့..။

ဒုတိယရက် တစ်ယောက်ထဲ မနက်ငါးနာရီ ကျော် hotel ကထွက် ဘူတာရုံကိုသွား အဝေးပြေးရထားနဲ့ Girona ကိုကျော် Figueres မှာဆင်း.. အဲကနေအဝေးပြေးဂိတ်ကိုပြေး ကားစောင့် ပြီးမှအဲဒီကနေ skydive လုပ်မဲ့မြို့ကို သွား ဖြစ်ချင်တော့ မှတ်တိုင်မှား ဆင်း မဆင်းခင်တော့မေးပါ driver က yes yes ဆိုတော့ဆင်းလိုက်တာ...။

ဥရောပရဲ့ မနက်ခင်းက တိတ်ဆိတ်တယ် လူရှင်းတယ် Google map မှာ check ကြည့်တော့ တစ်နာရီနီးပါ walking ရိုက်ရမယ်..။

ကိုခြေလှမ်းနဲ့ဆို နှစ်နာရီလောက်ဖြစ်နိုင်တယ် appointment အချိန်ကနီနေပြီး ကားကြုံး တာစီးမှရတော့မယ်..တားတဲ့ကားသုံးစီးမြောက်ကားနဲ့အဲကိုရောက်ခဲ့တယ်။ အပြန်ခရီးစဉ်ကအသွားနဲ့မတူဒါပေမဲ့ လူကောင်းမိတ်ဆွေ အချို့နဲ့တွေ့ခဲ့တယ်..

အာန်ဆိုင်းအတွက်တော့ ခရီးသွားခြင်းဟာ သင်ယူခြင်းပါပဲ..” လို့ ရေးသားထားတာ ဖြစ်ပါတယ်..။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။