ကိုလံဘီယာနိုင်ငံဆိုတာ ကမ္ဘာပေါ်မှာ မူးယစ်ဆေး ထွက်ရှိရာ အများဆုံးနိုင်ငံထဲက တစ်နိုင်ငံဖြစ်ပါတယ်။ကိုလံဘီယာ အစိုးရက သတ်မှတ် ပမာဏာ သတ်မှတ်ကာ ဆေးသုံးခွင့်ပေးထားသည်။ သို့သော် မှောင်ခိုကုန်သည်များက တန်ချိန်များစွာ ရောင်းဝယ်လျက်ရှိကြသည်။ ယခုအခါလည်း ဒေါ်လာသန်း ၃၂၀ကျော်တန်ဖိုးရှိ မူးယစ်ဆေးများကို ဖမ်းဆီးရရှိခဲ့သည်။  

ဖြစ်စဉ်မှာ ကိုလံဘီယာနိုင်ငံမှာ နိုဝင်ဘာ ၈ ရက်နေ့က အမေရိကန်ဒေါ်လာ သန်း ၃၆၀ တန်ကြေးရှိတဲ့ ကိုကင်း ၁၂ တန် ဖမ်းမိခဲ့ပါတယ်။ အခုဖမ်းဆီးရမိတဲ့ ကိုကင်းပမာဏဟာ ကိုလံဘီယာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ကာလတလျှောက် အများဆုံးပမာဏလည်း ဖြစ်ပါတယ်။ ကိုကင်းတွေကို ကိုလံဘီယာနဲ့ ပနားမားနိုင်ငံနယ်စပ် အန်တီအိုကီယာ ပြည်နယ်က စိုက်ခင်းတွေရဲ့ မြေအောက်မှာ သိုဝှက်ထားတာပါ။ မှောင်ခိုသမားတွေအနေနှင့် အစိုးရတပ်များ အလွယ်တကူမရှာနိုင်အောင်လုပ်ခဲ့ထားပုံ ရပါတယ်။

အခုဖမ်းဆီးရမိတဲ့ ကိုကင်းတွေဟာ ကိုလံဘီယာနိုင်ငံက အကြီးဆုံး မူးယစ်ဆေးဝါး ရောင်းဝယ်နေတဲ့ ဂတ်ဖ်ကလန်အဖွဲ့ပိုင် ဖြစ်တယ်လို့လည်း ကိုလံဘီယာသမ္မတ ဟွမ်မန်နူရယ် ဆန်းတို့စ်က ပြောပါတယ်။အဲဒီမူးယစ်ဆေးရောင်းဝယ်နေတဲ့ ရာဇဝတ်ဂိုဏ်းဟာ ကိုလံဘီယာမှာ အားကောင်းတဲ့ ဖားသူပုန် (FARC) လက်နက်ကိုင်အဖွဲ့ ငြိမ်းချမ်းရေး လက်မှတ်ထိုးပြီးနောက်ပိုင်း ကိုလံဘီယာလုံခြုံရေးကို အကြီးမားဆုံး ခြိ်မ်းခြောက်နေတဲ့ ရာဇဝတ်ဂိုဏ်းလည်း ဖြစ်ပါတယ်။ ကိုလံဘီယာနိုင်ငံဟာ ကမ္ဘပေါ်မှာ ကိုကင်းထုတ်လုပ်မှု အများဆုံးနိုင်ငံတွေထဲက တနိုင်ငံဖြစ်ပြီး တနှစ်ကို ကိုကင်းတန်ချိန် ၉၁၀ ထုတ်လုပ်နေတယ်လို့ အမေရိကန် မူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့က ပြောကြားကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

Source – DVB, The Guardian

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။