လက်ရှိပရဟိတလောကမှာမသိတဲ့သူမရှိတစ်နိုင်ငံလုံးကပြည်သူတွေချစ်ကြတဲ့မင်းသားချောကြီးဦးကျော်သူပဲဖြစ်ပါတယ်။ဦးကျော်သူဟာပြည်သူတွေရဲ့အခက်ခဲတွေကိုတက်နိုင်တဲ့ဘက်ကကူညီဖြေရှင်းပေးနေသလိုအနုပညာလှုပ်ရှားမှုတွေလဲလုပ်ကိုင်လျက်ရှိတာပဲဖြစ်ပါတယ်။ဒီတစ်ခါမှတော့ထူးထူးခြားခြားအနေနဲ့ဦးကျော်သူရဲ့တီဗီကြော်ငြာလေးတွေကိုပရိသတ်တွေမြင်တွေ့ရတော့မှာပဲဖြစ်ပါတယ်။အနုပညာလှုပ်ရှားမှုအနေနဲ့ရုပ်ရှင်ဇာတ်ကားတွေဇာတ်လမ်းတွေသာရိုက်ကူးလေ့ရှိတဲ့ဦးကျော်ဟာဘယ်လိုကြော်ငြာမျိုးတွေရိုက်ကူးမှာလဲဆိုတာပရိသတ်တွေစိတ်ဝင်စားနေလောက်မယ်ထင်ပါတယ်။

ဦးကျော်သူရဲ့လူမှုကွန်ယက်မှာလဲထူးခြားတဲ့ဆံပင်ပုံစံနဲ့ပုံရိပ်လေးတွေတစ်ချို့မျှဝေခဲ့တာကြောင့်လဲပရိသတ်တွေအရမ်းကိုစိတ်ဝင်စားခဲ့ရတာပဲဖြစ်ပါတယ်။ထူးခြားတဲ့ဆံပင်ပုံစံနဲ့ပုံရိပ်လေးတွေဟာGinveraခေါင်းလျော်ရည်ကြော်ငြာလေးရိုက်ကူးပေးနေတာဖြစ်လို့သိရပါတယ်။ယခုရိုက်ကူးခဲ့တဲ့ခေါင်းလျော်ရည်ကြော်ငြာလေးဟာဦးကျော်သူရဲ့ဒုတိယမြောက်လက်ခံထားတဲ့ကြော်ငြာလေးပဲဖြစ်ပါတယ်။ပထမဆုံးကြော်ငြာလေးအဖြစ်လက်ခံခဲ့တာကတော့Bella cosmeticအတွက်လက်ခံခဲ့တာဖြစ်ပြီး (၁၂)ပိုင်းလောက်မှရိုက်ကူးဖြစ်မယ်လို့ဆိုပါတယ်။

မကြာခင်မှာမြင်တွေရတော့မယ့်ဦးကျော်သူရဲ့ထူးထူးခြားခြားကြော်ငြာလေးဟာအလှကုန်ပစ္စည်းကြော်ငြာလေးဖြစ်ပေမယ့်မြန်မာရိုးရာကိုအခြေခံရိုက်ကူးထားတဲ့ကြော်ငြာလေးဖြစ်တာကြောင့်ပရိသတ်တွေစိတ်ဝင်စားစေရမှာပဲဖြစ်ပါတယ်။ဦးကျော်သူဟာနောက်ပိုင်းမှာလဲသူရဲ့ကာရိုက်တာနဲ့လိုက်ဖက်မယ့်ကြော်ငြာလေးတွေတော့လက်ခံရိုက်ကူးသွားအုန်းမှာပါလို့ဆိုပါတယ်။ကြော်ငြာလေးတွေရိုက်ကူးမှာဖြစ်ပေမယ့်ဆေးလိပ်,အရက်,ဘီယာအတွက်ကြော်ငြာတွေကိုတော့လုံးဝလက်ခံရိုက်ကူးမှာမဟုတ်ဘူးလို့ဆိုပါတယ်။ထူးထူးခြားခြားလက်ခံရိုက်ကူးခဲ့တဲ့ဦးကျော်သူရဲ့ကြော်ငြာလေးတွေကိုလဲမကြာခင်တီဗီဖန်သားပြင်ပေါ်မှာမြင်တွေ့ကြရတော့မှာဖြစ်ပြီးပရိသတ်တွေအားပေးကြရအုန်းမှာပဲဖြစ်ပါတယ်။ဦးကျော်သူရိုက်ကူးခဲ့တဲ့ခေါင်းလျော်ရည်ကြော်ငြာလေးမှပုံရိပ်လေးတွေကိုလဲအကြိုခံစားကြည့်ရှု့နိုင်စေရန်မျှဝေပေးလိုက်ပါတယ်နော်။

သတင်းအရင်းအမြစ် - ကျော်သူ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။