နာမည်ကျော်ဟစ်ဟော့ အဆိုတော် ယုန်လေး ကတော့ အကယ်ဒမီစာရင်းတွေ သူ့လက်ထဲ ရောက်နေတုန်း မျှဝေလိုက်တာဖြစ်ပါတယ်။

သရုပ်ဆောင်ပိုင်းနဲ့လည်း မစိမ်းတဲ့ ယုန်လေးဟာ မြင့်မြတ် ခင်လှိုင်တို့နဲ့အတူ Original Gangster ဇာတ်ကားကြီးမှာ ကိုယ်တိုင် ပါ၀င်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။

အဆိုပါရုပ်ရှင်ဇာတ်ကားဟာ ပရိသတ်အားပေးမှုရရှိထားပြီး လူမိုက်ဇာတ်ကားဖြစ်ပေမယ့် အခုလို အကယ်ဒမီစာရင်းမှာ ပါ၀င်လာတာကြောင့် မျှော်လင့်မထားပဲ စိတ်လှုပ်ရှားနေဟန်တူပါတယ်။

ပွင့်ပွင့်လင်းလင်းနေတတ်ပြီး ပရိသတ်နဲ့ လူမှုကွန်ရက်မှာ အမြဲထိတွေ့နေတဲ့ ယုန်လေးတစ်ယောက် (၂၀၁၇)ခုနှစ် အကယ်ဒမီစာရင်းမှာ Original Gangster ဇာတ်ကားနဲ့ မြင့်မြတ်ကို ရစေချင်တယ်လို့ ဆိုပါတယ်။

""၂၀၁၇ ခုနှစ် အကယ်ဒမီ စာရင်းတော့လာပြီ

ORIGINAL GANGSTER ပါလာပါတယ်။

လူမိုက်ကား ဆိုပြီး ပယ်မဲ့စာရင်းထဲပါမယ်ထင်တာ။

ဘာပဲ ပြောပြော သူများတွေအတွက် ရင်ခုန်ပေးလို့ရတာပေါ့ .

OG နဲ့ မြင့်မြတ် ရရင်တော့

အပျော်ဆုံး ဆိုတဲ့စကားနဲ့ မလုံလောက်တော့ဘူး။

မြင့်မြတ် ကိုခင်လှိုင် ဦးဇင်ဝိုင်း ထူးခြား

ကိုဂျိုး ကိုမင်းညီ ကိုစိန်ထွေး တို့အတွက်ရင်ခုန်ပြီ .""

ပရိသတ်ကြီးရော ဘယ်သူ့ကိုရစေချင်လဲ။ 

Source : Kyaw Phone Aung fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။