ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ စိုးပြည့်သဇင်ဟာ သူမက တတိယနှစ် မြန်မာစာ ကျောင်းသူလေးတစ်ဦးပါလို့ ဆိုပါတယ်..။

သူမဟာ တက္ကသိုလ် ကျောင်းသူတစ်ယောက်ဖြစ်ပြီး ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်မှာ တတိယနှစ် မြန်မာစာ တတ်ရောက်နေတာ ဖြစ်ပါတယ်..။

မင်းသမီးချောလေး စိုးပြည့်ကတော့ သူမရဲ့ လှုပ်ရှားမှုလေးတွေကို ပရိသတ်တွေကို အမြဲ မျှဝေလေ့ရှိတာ တွေ့ရပါတယ်..။

စိုးပြည့်က နိုဝင်ဘာ(၉)ရက်နေ့မှာတော့ သူမရဲ့ fb စာမျက်နှာမှာ ဓာတ်ပုံလေးတွေနဲ့အတူ “တတိယနှစ် မြန်မာစာ ကျောင်းသူတစ်ဦးပါရှင်” လို့ ရေးသားထားတာ ဖြစ်ပါတယ်..။

အနေအေးတဲ့ သူမဟာ ဓာတ်ပုံတွေထဲမှာ မြန်မာဆန်ဆန်နဲ့ အနီရောင် ဝတ်စုံလေးကို ဝတ်ဆင်ထားပြီး ရိုးရိုးလေးနဲ့ ချစ်စရာကောင်းနေတာကို တွေ့ရပါတယ်..။

ဓာတ်ပုံလေးတွေကတော့ ကျောင်းမှာ ရိုက်ထားတာ ဖြစ်ပြီး သူမရဲ့ သူငယ်ချင်းတွေနဲ့ အတူ ကျောင်းတတ်ရတာကို ပျော်နေပုံရပါတယ်..။

စိုးပြည့်ဟာ အနုပညာလောကမှာ ပရိသတ်အားပေးမှု အခိုင်အမာရရှိထားပြီး ဟော့ဟော့ရမ်းရမ်းတွေ ဝတ်ဆင်လေ့မရှိတဲ့ စိုးပြည့်ဟာ ရိုးရိုးလေးတွေနဲ့ အမြဲဆန်းနေတာလည်း တွေ့ရပါတယ်..။

သူမရဲ့ ဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်မှုတွေနဲ့အတူ “မိုးညအိမ်မက်မြူ” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ (၂၀၀၉)ခုနှစ်မှာ အကယ်ဒမီဆုကို ရရှိခဲ့တာ ဖြစ်ပါတယ်..။

သူမကတော့ အောင်မြင်တဲ့ သရုပ်ဆောင် မင်းသမီးတစ်ယောက်ဖြစ်ပြီး တေးသီချင်းတွေကို သီဆိုမှုများမှာလည်း ပရိသတ်တွေရဲ့ အားပေးမှုရရှိထားတဲ့ အနုပညာရှင်တစ်ယောက်လည်း ဖြစ်ပါတယ်..။

ပရိသတ်တွေရဲ့ ရုံပြည့်ရုံလျှံအားပေးခဲ့တဲ့ “ရင်ဘတ်ထဲကဓား” ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ဇာတ်ဝင်တေးသီချင်းကို သီဆိုထားတာလည်း ဖြစ်ပါတယ်..။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။