အမေရိကန် သမ္မတ ဒေါ်နယ်ထရန့် နဲ့ သူ့ရဲ့ ဇနီး တို့ဟာ အာရှငါးနိုင်ငံခရီးစဉ်အတွင်း တောင်ကိုရီးယားနိုင်ငံကို ရောက်ရှိခဲ့တာပါ။ သူတို့နှစ်ယောက်ဟာ Pyeongtaek အရပ်မှာ ရှိတဲ့ အမေရိကန်စစ်အခြေစိုက် စခန်းကို သွားရောက်ခဲ့ကြပါတယ်။ နေ့လည်စာအနေနဲ့ မက္ကဆီကို အစားအစာကောင်းတွေကို တည်ခင်းကျွေးမွေးခဲ့ပါတယ်။ အဲ့ဒီ့မှာ သနားစရာကောင်းတဲ့ စစ်သားလေးတစ်ယောက်ကတော့ သမ္မတ ထရန့် နဲ့ တောင်ကိုရီးယား သမ္မတ မွန်ဂျယ်အင် တို့နှစ်ယောက်ကြားမှာ နေရာကျသွားခဲ့ပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ်ထရန့် ရဲ့ အနားမှာ နေ့လည်စာစားစဉ် အတူထိုင်ခဲ့ရတဲ့ တောင်ကိုရီးယား စစ်သားလေးရဲ့ ဒုက္ခကတော့ မသေးလှပါဘူး။ အစားအသောက် က အရမ်းကောင်းတာပဲ လို့ သမ္မတ ထရန့်က တောင်ကိုရီးယားသမ္မတ ကို လှမ်းပြော ခဲ့ပါတယ်။ ထိုစဉ် စစ်သားလေး ခမျာ သမ္မတ နှစ်ယောက်ကြားထဲ နေရထိုင်ရ ကျဉ်းကျပ်နေခဲ့တာ ကို ဗီဒီယိုကနေ တဆင့် တွေ့မြင်ခဲ့ရပါတယ်။ စစ်သားလေးခမျာ သူ့ရဲ့ အစားအသောက် ကို တောင် စိတ်အေးလက်အေး မစားခဲ့ရရှာပါဘူး။

တောင်ကိုရီးယား စစ်သားလေး ရဲ့ ဒုက္ခ ကတော့ သမ္မတကြီး နှစ်ယောက်ကြားထဲ မှာ ထိုင်ခဲ့ရလို့ သူ့အတွက် သက်တောင့်သက်သာ မရှိ ဖြစ်ခဲ့ရပါတယ်။ ရယ်ရမလို၊ ငိုရမလို၊ ပြုံးရမလို၊ ဒါမှ မဟုတ် ခေါင်းဆောင်ကြီး နှစ်ယောက် နဲ့ စကားပြောရမလို နဲ့ စိတ်မသက်သာ ဖြစ်ခဲ့ရရှာပါတယ်။ လူမှုကွန်ယက် အသုံးပြုတွေ တွေ ကလည်း အဆိုပါဗီဒီယိုကို တွေ့ရှိချိန် စစ်သားလေးကို စာနာကြောင်း ဖော်ပြခဲ့ကြပါတယ်။ ချက်ချင်းပဲ စစ်သားလေးဟာ လူသိများသွားခဲ့ပါတော့တယ်။

Source: The Mirror UK

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။