Apple မှ အသစ်ထွက်လာတဲ့ iPhone X ကိုအသုံးပြုပြီး တရုတ်အမျိုးသားတစ်ဦးဟာ သူ့ရဲ့ချစ်ရေးဆိုမှုမှာအသုံးပြုခဲ့ပါတယ်။ တရုတ် game programmer အမျိုးသားတစ်ဦးဟာ သူရဲ့ချစ်သူ အသက်နှစ်ဆယ့်ငါးနှစ်ရှိပြီဖြစ်သောအမျိုးသမီးအား iPhone X ထွက်ရှိသောနေ့မှာပင် လက်ထပ်ခွင့်တောင်းခဲ့တာဖြစ်ပါတယ်။ 

အဆိုပါအမျိုးသားဟာ သူရဲ့ချစ်သူအမျိုးသမီးရဲ့အသက်အတိုင်း iPhone X နှစ်ဆယ့်ငါးလုံးအား နှင်းဆီပွင့်ဖတ်တွေဖြန့်ကြဲထားတဲ့အပေါ်မှာ အသည်းပုံဖော်ကာထားထားခြင်းလည်းဖြစ်ပါတယ်။အဆိုပါ Romantic ဆန်ဆန်ပြုလုပ်ချက်များအပြင် သူမအတွက်သီးသန့်လုပ်ထားတဲ့လက်စွပ်ကိုပါထပ်ပေါင်းပေးအပ်ခဲ့ခြင်းဖြစ်ပါတယ်။အဆိုပါမြင်ကွင်းအားမြင်ရသူအဖို့မနာလိုစရာပင်ကောင်းလှသည်ဟုထင်ရပါတယ်။

သူ့ရဲ့လပ်ထပ်ခွင့်တောင်းမှု အပြီးမှာတော့ iPhone X တွေကို သူ့ရဲ့ချစ်သူကောင်မလေး၏မိသားစု၊ သူငယ်ချင်းတွေနှင့် အဆိုပါလက်ထပ်ခွင့်တောင်းမှုအတွက်ဝိုင်းဝန်းကူညီပေးသူတွေကို ပေးအပ်ခဲ့ပါတယ်။ iPhone X ရဲ့ စျေးနှုန်းဟာ ၁၂၆၅ဒေါ်လာရှိသည့်အတွက် စုစုပေါင်းတန်ဖိုး ၃၁၆၀၀ဒေါ်လာနီးပါးကျသင့်မှာဖြစ်ပါတယ်။

Source: World Of Buzz 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။