ချယ်ဆီးအသင်းက နောက်ဆုံးကစားခဲ့တဲ့ မန်ချက်စတာယူနိုင်တက်နှင့်ပွဲမှာ အနိုင်ရရှိခဲ့ပါတယ်။ သို့သော် ချယ်ဆီး နောက်ခံလူ ဒေးဗစ်လုစ်က အဆိုပါပွဲမှာ အရံစာရင်းတွင်တောင် မပါခဲ့ပါဘူး။ ဒါ့ကြောင့် မီဒီယာတွေက ကွန်တီနှင့်ကစားသမားများ မကျေချမ်းဖြစ်နေတယ်လို့ ယူဆနေကြပါတယ်။ ဒါ့ကြောင့် ချယ်လ်ဆီးအသင်းပိုင်ရှင် ရုရှားသူဌေး အေဘရာမိုဗစ်ချ်သည် နည်းပြဖြစ်သူ ကွန်တီနှင့် ကစားသမားများ၏အခြေအနေကို စောင့်ကြည့်လျက်ရှိကြောင်း ဗြိတိန်မီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။

ကွန်တီသည် နိုဝင်ဘာ ၅ ရက်က မန်ယူအသင်းနှင့်ကစားခဲ့သည့်ပွဲတွင် ဘရာဇီးလ် နောက်ခံလူ ဒေးဗစ်လူးဝစ်ဇ်အား အရန်စာရင်းမှာပင် ရွေးချယ်ခြင်းမရှိဘဲ ချန်လှပ်ခဲ့သည်။ ထို့ပြင် အသင်း၏နည်းစနစ်ဒါရိုက်တာဖြစ်သည့် နိုင်ဂျီးရီးယားလက်ရွေးစင်ဟောင်း အီမီနာလိုသည် နိုဝင်ဘာ ၆ ရက်တွင် ရာထူးမှ နုတ်ထွက်ခဲ့ပြီး ၎င်းသည် ၂၀၀၇ ခုနှစ်ကတည်းက ဒါရိုက်တာအဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့သလို ၂၀၁၁ ခုနှစ်မှစ၍ နည်းစနစ် ဒါရိုက်တာအဖြစ် ပြောင်းလဲဆောင်ရွက်ခဲ့သူဖြစ်သည်။ 

ကွန်တီသည် နွေရာသီတွင်လည်း စပိန်တိုက်စစ်မှူး ဒီယေဂိုကော်စတာအား အနာဂတ်အစီအစဉ်များတွင်ပါ၀င်ခြင်း မရှိတော့ဟု မက်ဆေ့ချ်ပေးပို့ခဲ့သောကြောင့် ကော်စတာက အသင်းသို့ပြန်မလာရန် ဆုံးဖြတ်ခဲ့ရာ အက်သလက်တီကိုအသင်းထံ ရောင်းချခဲ့ရသည်။ သို့ဖြစ်ရာ အေဘရာမိုဗစ်ချ်သည် ကွန်တီနှင့် ကစားသမားများ၏ ဆက်ဆံရေးအခြေအနေကို စောင့်ကြည့်နေခြင်းဖြစ်ကြောင်း သိရသည်။ နည်းပြဟောင်း မော်ရင်ဟိုမှာလည်း ကစားသမားများနှင့် ပြဿနာဖြစ်ပွားသဖြင့် ၂၀၁၅ ခုနှစ် ဒီဇင်ဘာ တွင် ရာထူးမှ ထုတ်ပယ်ခံရဖူးသည်။

Source – Mirror  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။