မြောက်ကိုရီးယား နိုင်ငံ တွင်း က ၀ါဒဖြန့် ပုံတွေက တော့ အရမ်းကို စိတ်ဝင်စားဖွယ်ကောင်းလှပါတယ်။ အဲ့ဒီ့ ပုံတွေကတော့ မြောက်ကိုရီးယား နိုင်ငံ ရဲ့ အားကစားမှာ အောင်မြင်မှု တွေကို ချယ်မှုန်းထားတဲ့ ပန်းချီကားတွေပါ။ ပန်းချီကားတော်တော်များများ ဟာ ၂၀၀၀ခုနှစ် အတွင်းက ရေးဆွဲထားတာလညး်ဖြစ်ပါတယ်။ တိုင်းပြည်ရဲ့ အားကစား မှာ စွမ်းဆောင် အောင်မြင်မှု တွေကို မှတ်တမ်းတင်တဲ့ အနေနဲ့ပါ။

ပုံရိပ်များမှာ မြောက်ကိုရီးယား ဘောလုံးအသင်း ကမ္ဘာ့ဖလား အောင်နိုင်လို့ နိုင်ငံသား ပရိသတ်တွေ ပျော်ရွင်မြူးထူးနေကြပုံ တွေလည်းပါ၀င်ပါတယ်။ အချို့ပုံများမှာ မြောက်ကိုရီးယား အားကစားသမား Jong Song-ok သူမ ရဲ့ ပြိုင်ဘက်ကို အနိုင်ယူပြီး ၂၀၀၀ ခုနှစ် အိုလံပစ် အားကစားပွဲမှာ ရွှေတံဆိပ်ဆု ရရှိတဲ့ ပုံတွေလည်းပါရှိပါတယ်။ တကယ်လည်း အသက် ၄၃ နှစ်ရှိပြီဖြစ်တဲ့ အဆိုပါ အားကစားမယ်ဟာ ဆီဗီလာမှာ ကျင်းပတဲ့ ၁၉၉၉ ခုနှစ် ကမ္ဘာ့အားကစားချန်ပီယံရှစ် ပြိုင်ပွဲမှာ မြောက်ကိုရီးယား နိုင်ငံ အတွက် ရွှေတံဆိပ်ဆု စွတ်ခူးပေးနိုင်ခဲ့ပါတယ်။

ကင်ဂျုံအန်း က သူမကို ဆစ်ဒနီမှာ ကျင်းပမယ့် ၂၀၀၀ ခုနှစ် နွေရာသီ အိုလံပစ်အားကစားပြိုင်ပွဲ နဲ့ တခြား အားကစားပြိုင်ပွဲတွေကို ဆက်လက်ယှဉ်ပြိုင်ဖို့ ပိတ်ပင်ခဲ့ပါတယ်။ အကယ်၍ သူမ နောက်ပွဲတွေမှာ ရှုံးနိမ့်ခဲ့ပါက နိုင်ငံအတွက် အရှက်ရစေမှု ဖြစ်စေမှာ စိုးလို့ပါတဲ့။ ကင်ဂျံုအန်း ဟာ မန်ယူ အသင်း ပရိသတ် တစ်ယောက်ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ လကလည်း မြောက်ကိုရီးယားကစားသမားတွေ ပရီးမီးယားလိဂ်မှာ ၀င်ရောက်ပါ၀င်ကစားဖို့ မျှော်လင့်ကြောင်းတရားဝင်ကြေညာခဲ့ပါသေးတယ်။ မြောက်ကိုရီးယား အမျိုးသားဘောလုံးအသင်း ဟာ တကယ်တော့ ကမ္ဘာ့ဖလားမှာ အောင်မြင်မှု နှစ်ကြိမ်သာ ရရှိခဲ့ဖူးပါတယ်။ ၁၉၆၆ ခုနှစ်မှာ အီတလီကိုနိုင်ပြီး ကွာတားဖိုင်နယ်ကို ရောက်ရှိခဲ့တာနဲ့ ၂၀၀၉ ခုနှဏ်မှာ ၂၀၁၀ ကမ္ဘာ့ဖလားဝင်ခွင့်ရ သော်လည်း ပေါ်တူဂီကို ရ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

Source: The Mirror UK

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။