ထွန်းထွန်းနဲ့ ရွှေမှုန်ရတီဟာ ပရိသတ်တွေ အသည်းစွဲ နိုင်ငံကျော်သရုပ်ဆောင်နှစ်ဦးဖြစ်ပါတယ်။ နှင်းဆီအဖွဲ့သားလူပျိုကြီးထွန်းထွန်းနဲ့ အလှပဂေးလေးရွှေမှုန်ရတီတို့ရဲ့ တစ်ချိန်တစ်ခါက ဇာတ်လမ်းဟာ ပရိသတ်တွေကြားထဲ ရောက်ရှိပြီးသားနေမှာပါ။

ဒါပေမယ့် အနုပညာရှင်နှစ်ယောက်လုံးက ပွင့်ပွင့်လင်းလင်းမပြောခဲ့သလို နှစ်ယောက်လုံးက သူတို့ရဲ့ကိုယ်ပိုင် Instagram အကောင့်မှာတင်ထားခဲ့တာပါ။ ၀ိုးတိုးဝါးတားပုံနဲ့ ဖြတ်ထားတဲ့ပုံအချို့သာပါပြီး အတည်မပြုနိုင်ခဲ့ပါ။

နောက်ပိုင်းမှာတော့ ဓာတ်ပုံတွေတင်တာ ရပ်သွားခဲ့ပြီး ရွှေမှုန်ရတီကတော့ သူမရဲ့ Instagram အကောင့်မှာ ထွန်းထွန်းမဟုတ်တဲ့ တခြားသူနဲ့ဓာတ်ပုံတွေ တွဲတက်လာတာကိုမြင်တွေ့ရပါတယ်။

နောက်ဆုံး Eleven သတင်းဌာနရဲ့ ရွှေမှုန်ရတီကို Videoအင်တာဗျူးမှာတော့ လက်ရှိမှာ ချစ်သူရှိတယ်လို့ပြောလဲမှန်ပြီး၊ မရှိဘူးလို့ပြောလ ဲမှန်တယ်လို့ဆိုခဲ့ပါတယ်။ ပရိသတ်တွေဘာပြောပြောစိတ်မဆိုးဘဲ ပရိသတ်တွေကို ချစ်နေဆဲပါလို့လဲ ပြောခဲ့ပါတယ်။ 

သရုပ်ဆောင် အဆိုတော်ထွန်းထွန်းဘက်ကတော့ အကျယ်တဝင့်ရှင်းပြထားတာမျိုး မရှိခဲ့ပါဘူး။

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။