ချယ်ဆီး ကစားသမား ဟာဇက်ကတော့ ဇီဒန်းနှင့်မော်ရင်ဟိုအကြောင်းပြောခဲ့ပါတယ်။ ဟာဇက်ကချယ်ဆီးမှာ ခြေစွမ်းကောင်းတွေပြသနေသူပါ။ နောက်ဆုံးကစားခဲ့တဲ့ မန်ချက်စတာယူနိုင်တက်နှင့်ပွဲမှာလည်း ခြေစွမ်းကောင်းခဲ့ပါတယ်။ ဒါ့အပြင် ဟာဇက်ကို အသင်းကြီးတွေက မျက်စိကျလျက်ရှိပါတယ်။

ထိုအထဲမှာမှ ရီးရဲမက်ဒရစ်က ဟာဇက်နှင့်မကြာခဏဆိုသလို သတင်းတွေထွက်နေတာပါ။ ဟာဇက်က ယခုအခါ ဇီဒန်းလက်အောက်မှာ ကစားချင်ကြောင်းပြောခဲ့ပါတယ်။ ဟာဇက်က “ကစားသမားတစ်ယောက် အနေနဲ့ရော နည်းပြတစ်ယောက် အနေနဲ့ပါ ဇီဒန်း အပေါ် ကျွန်တော် ဘယ်လောက် လေးစားသလဲဆိုတာ အားလုံးသိပြီးသားဖြစ်မှာပါ ။ သူက ကျွန်တော့ရဲ့ စံပြတစ်ယောက်ပါပဲ ။ အနာဂါတ် မှာ ကျွန်တော့ရဲ့ ကစားသမားဘဝက ဘာတွေဆက်ဖြစ်လာမလဲဆိုတာ သေချာမသိနိုင်ပါဘူး ။” လို့ပြောခဲ့ပါတယ်။

ဒါ့အပြင် ဟာဇက်က “ ဒါပေမယ့် ဇီဒန်း ရဲ့ လက်အောက်မှာ ကစားရဖို့ကတော့ ကျွန်တော့ရဲ့အိပ်မက် ဆိုတာ အသေအချာပါပဲ။ ချဲလ်ဆီးက နေထိုင်မှုဘဝကိုလည်း ကျွန်တော် ပျော်ရွှင်ပါတယ် ။ သူတို့နဲ့ အတူ ရယူစရာတွေ အများကြီး ကျန် ပါသေးတယ် ။ ချဲလ်ဆီး အတွက် ကစားပေးဖို့ကို အဓိက အာရုံစိုက်သွားမှာပါ ။ မော်ရင်ဟို နဲ့ နောက်တစ်ကြိမ် ပြန် လက်တွဲဖြစ်ရင်လည်း ဒါဟာ ပျော်စရာတစ်ခုဖြစ်လာမှာပါ ။ သူ့ကို ပြိုင်ဘက် တစ်ယောက် အနေနဲ့ ပြန်ရင်ဆိုင်ရတာကိုလည်း သဘောကျမိပါတယ် ။ အနာဂါတ် တစ်ချိန်ချိန်မှာ သူနဲ့ အတူပြန် လက်တွဲဖြစ်ခဲ့ရင်လည်း ဒါက ပျော်ရွှင်စရာဖြစ်လာမှာပါ” လို့ပြောခဲ့ပါတယ်။

Source – Mirror  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။