အနုပညာလောကမှ လေးနှစ်အကြာမှာ အောင်မြင်မှုကိုပြန်လည်ဖမ်းဆုပ်ဖို့အတွက် လီဒါဟဲတစ်ယောက် လာမယ့်နှစ်မှာပရိသတ်ကြီးဆီသို့ပြန်လည်ရောက်ရှိလာတော့မှာဖြစ်ပါတယ်။လီဒါဟဲဟာ 'Good Witch' ဇာတ်လမ်းတွဲမှာခေါင်းဆောင်မင်းသမီးအဖြစ်ပါ၀င်သရုပ်ဆောင်မှာဖြစ်ပြီးဇာတ်ကောင်စရိုက်မျာလည်းသူမအတွက်သင့်တော်သလိုဇာတ်လမ်းဟာလည်း လူကြည့်များမဲ့ဇာတ်လမ်းမျိုးဖြစ်ပါတယ်။ လီဒါဟဲကို Heaven's Fate(2004) ဇာတ်လမ်းတွဲတွင် ချိုဝမ်အဖြစ် စတင်သိရှိခဲ့တာလည်းဖြစ်ပါတယ်။ 

လီဒါဟဲရိုက်ကူးခဲ့တဲ့ ဇာတ်လမ်းတွဲများမှာ Hotel King (MBC / 2014) ၊IRIS 2 | Airiseu 2 (KBS2 / 2013) Miss Ripley (MBC / 2011) ၊ The Fugitive: Plan B | Domangja Plan.B (KBS2 / 2010) ၊The Slave Hunters | Chuno (KBS / 2010) ၊East of Eden (MBC / 2008) ၊ Robber | Bulhandang (SBS / 2008) ၊Hello, My Lady! | Hello Aegisshi (KBS / 2007) ၊My Girl (SBS / 2005-2006) ၊Green Rose | Geurin Rojeu (SBS / 2005) ၊Heaven's Fate | Wang Ggot Seonnyeonim (MBC / 2004-2005) ၊Star's Echo (MBC-Fuji TV / 2004) ၊Little Bride | Nangrang 18se (KBS2 / 2004) ၊Good News | Gibbeun Sosik (MBC / 2003) ၊Love of Thousands Years (SBS / 2003) ၊Shoot for the Stars (SBS / 2002) ၊Ling Ling (MBC / 2002) တို့ဘဲဖြစ်ပါတယ်။ဇာတ်လမ်းတွဲတိုင်းဟာလည်းသူမကို အမြဲတမ်းနာမည်ကျော်စေခဲ့ပင်ဖြစ်ပါတယ်။

၂၀၁၈ခုနှစ်မှာ ပြသမယ့် 'Good Witch' ဟာဆိုရင် ဒါရိုက်တာအဖြစ် အုတ်ဆီဂျောင်းကရိုက်ကူမှာဖြစ်ပြီး ဇာတ်ညွှန်းကိုတော့ 'Birth of a Beauty' ဇာတ်လမ်းတွဲရေးသားသူ ယွန်ယောင်းမိက ရေးသားပေးမှာဖြစ်ပါတယ်။၂၀၁၄ခုနှစ်ကနေပြီးအဆက်ပြတ်သွားခဲ့တဲ့ လီဒါဟဲ ( ချိုဝမ်) အားမကြာမီပြန်လာ်မြငတွေ့ရတော့မျာဖြစ်ပါတယ်။

Source - Koreaboo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။