ယနေ့ နိုဝင်ဘာ(၁၀)ရက်နေ့ဟာ ရုပ်ရှင်နဲ့ ဗီဒီယို ဇာတ်ပို့ သရုပ်ဆောင် သဘာဝမင်းသားကြီး အကယ်ဒမီ ဦးအောင်ခိုင်ရဲ့ မွေးနေ့ရက်လေး ဖြစ်ပါတယ်..။

အောင်ခိုင်ဟာ ဆယ်စုနှစ်ကြာ ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိပိုင်ဆိုင်ထားတဲ့ ဝါရင့်ဇာတ်ပို့ သရုပ်ဆောင် တစ်ယောက် ဖြစ်ပါတယ်..။

အနုပညာလောကမှာ အောင်မြင်ပြီး ထူးချွန်တဲ့ ဇာတ်ပို့သရုပ်ဆောင်ကောင်း တစ်ယောက်ဖြစ်သလို ကုသိုလ်ရေးတွေမှာလည်း မကြာခဏ ပြုလုပ်လေ့ရှိပါတယ်..။

ဦးအောင်ခိုင်နဲ့ ဝါဝါအောင်တို့ ဇနီးမောင်နှံဟာ နိုဝင်ဘာ(၉)ရက်နေ့မှာလည်း မွေးနေ့အကြို အလှူအဖြစ် ရန်ကုန်ဆေးရုံကြီးမှာ နေ့လည်စာ အလှူအဖြစ် ကြာဇံကြော်များကို သွားရောက်လှူဒါန်းခဲ့တာ တွေ့ရပါတယ်..။

ဦးအောင်ခိုင်ဟာ အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်သလို ဇနီးဖြစ်သူ အကယ်ဒမီ ဝါဝါအောင်ကလည်း ထူးချွန်အောင်မြင်တဲ့ ဇာတ်ပို့သရုပ်ဆောင် တစ်ယောက်ဖြစ်ပြီး ဇာတ်ကားတိုင်းလိုလိုမှာ ပါဝင်သရုပ်ဆောင်နေရတာကို တွေ့ရပါတယ်..။

တည်ငြိမ်အေးဆေးတဲ့ ပြည်သူ့အချစ်တော် သူတို့ ဇနီးမောင်နှံနှစ်ဦးဟာ တကယ်ကို ရှေ့သွား နောက်လိုက်ညီပြီး လိုက်ဖက်ညီပါတယ်..။

ဦးအောင်ခိုင်နဲ့ ဝါဝါအောင်တို့ ဇနီးမောင်နှံဟာ ကျရာဇာတ်ရုပ်ကို ကျွမ်းကျင် ပီပြင်စွာ သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှု အခိုင်အမာရရှိထားပြီး အကယ်ဒမီဆုတွေကိုကို ရရှိပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်..။

ဦးအောင်ခိုင်ဟာ “ငရဲသား” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ (၂၀၀၀)ခုနှစ်မှာ အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆုနဲ့ အကယ်ဒမီ ရရှိထားပြီး ဇနီးဖြစ်သူ ဝါဝါအောင်ကတော့ (၂၀၁၀)ခုနှစ်မှာ “အမေ့ကျေးဇူးဆပ်ဖူးချင်တယ်” ရုပ်ရှင်ဇာတ်ကားကြီးမှာ အကောင်းဆုံးအမျိုးသမီး ဇာတ်ပို့ဆုနဲ့ အကယ်ဒမီ ရရှိခဲ့တာ ဖြစ်ပါတယ်..။

လတ်တလောအနုပညာလှုပ်ရှားမှုတွေကတော့ အခမ်းအနားပွဲများ တတ်ရောက်ပြီး ဇာတ်ကားများ အဆက်မပြတ်ရိုက်ကူးနေတာ တွေ့ရပါတယ်..။

“ကောင်းကင်၊မြေပြင် ငါ့အချစ် တည်မြဲပါစေ” ရုပ်ရှင်ဇာတ်ကားကြီးမှာ ဇနီးမောင်နှံနှစ်ဦးလုံး ပါဝင်သရုပ်မှာ ဖြစ်တယ်လို့သိရပါတယ်..။

အကယ်ဒမီဝါဝါအောင်ဟာ လက်ရှိ MRTV-4 မှာ ထုတ်လွှင့်ပြသနေတဲ့ “အမုန်း မှ သည်” ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ထားပါတယ်..။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။