တေလာဆွစ်ဖ်ရဲ့နောက်ထွက်လာမယ့်အယ်ဘမ် "reputation" ဟာဆိုရင်ကြိုတင်မှာယူမှုမှာ သတ်မှတ်ထားတဲ့စံချိန်ကိုချိုးဖျက်လိုက်ပြန်ပါတယ်။ကြိုတင်မှာဟူမှုပေါင်း လေးသိန်းနီးပါးရှိခဲ့တာမို့ကြိုတင်ရောင်းချမှုစာရင်းတွေထဲမှာ အများဆုံးကြိုတင်မှာယူမှုဖြစ်လာခဲ့ခြင်းလည်းဖြစ်ပါတယ်။

Big Machine Recordsရဲကပြောကြားချက်အရ တေလာဆွစ်ရဲ့ "reputation," တေးစီးရီးဟာ ၂၀၁၄ခုနှစ်မှာထွက်ရှိခဲ့တဲ့ သူမရဲ့"1989"တေးစီးရီးထက် ကြိုတင်မှာယူမှုနှုန်းနှစ်ဆနီးပါးရှိခဲ့တာလည်းဖြစ်ပါတယ်။ကြိုတင်မှာယူမှုတွေကိုတော့ iTunes, Target, Walmart, Amazon နဲ့ တေလာဆွစ်ရဲ့ဝက်ဘ်ဆိုက် တို့မှာ ကြိုတင်မျာယူရမှာလည်းဖြစ်ပါတယ်။

တေလာဆွစ်ရဲ့ ခြောက်ခုမြောက်အယ်ဘမ် "reputation"အတွက် လတ်တလောမှာ "Look What You Made Me Do" နှင့်"...Ready for It? အပါအဝ်တေးသီးချင်းပေါင်းလေးပုဒ်ခန့်ထွက်ရှိလာပြီဖြစ်ပါတယ်။တေလာရဲ့နောက်ဆုံးထွက်ခဲ့တဲ့တေးအယ်ဘမ်များဖြစ်တဲ့ 1989 ၊ Red နှင့် Speak Now တို့ဟာလည်းထွက်ရှိခဲ့တဲ့အချိန်တွေမှာ မီလျှံနဲ့ချိအောင်ရောင်းချရတာလည်းဖြစ်ပါတယ်။

Source – CBS News

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။