ခုခေတ်မှာ လူငယ်တော်တော်များဟာ တဆင့်စကားတွေ ကိုယ့်ရှေ့ ကလူတွေ ကြုံခဲ့ရတာတွေ ကို တွေ့ပြီး အိမ်ထောင်ပြုဖို့ အတော်တွေဝေနေကြပြီ တကိုယ်တည်း ဘဝဖြင့် နေထိုင်လိုကျသူတွေများပြားလှပါတယ်။ ဂျပန်မှာ ဆိုရင်လည်း အိမ်ထောင်ပြုသူ အရေအတွက် နည်းပါးလာပြီး တိုင်းပြည်အနာဂတ် ရင်သွေးလေးတွေ နည်းပါးလာကာ သက်ကြီးရွယ်အို အရေအတွက် သာ မြင့်တက်လာပါတယ်။

အိမ်ထောင်ရေး ကိစ္စနဲ့ ပတ်သက်ပြီး သရုပ်ဆောင်လူမင်းက ခုလိုပဲ ပြောကြားခဲ့ပါတယ်။

“အိမ်ထောင်ပြုစရာရှိတာ ရဲရဲ ပြုပါလို့ မကြောက်ပါနဲ့လို့ ဖြစ်လာသမျှကို ရင်ဆိုင် ရမှာပဲ မပြုဘဲလည်း နေနိုင်တာ မဟုတ်ဘူး ပြုစရာရှိတာ ပြုပါ တွေ ဝေမနေပါနဲ့ အိမ်ထောင်ပြုလိုက်မှ အခက်အခဲဆိုတာ ပါးစပ်က ပြောနေတာထက်စာရင် ကိုယ်တွေ့တွေ့လိုက် ရတော့မှ သိလာတဲ့ ကိုယ်တွေ့ ပြသာနာတခုတွေ့လာရင် ဘယ်လိုရင်ဆိုင်ရမယ် ဘယ်လိုဖြေရှင်းရမယ် ကိုယ့်ဟာကို သိလာပါလိမ့်မယ် သူများတွေ ပြောပြတာတွေနဲ့ လက်တွေ့နဲ့ မတူပါဘူး အဲ့တော့ ကိုယ့်ဟာကို ဆုံးဖြတ်ပြီး ပြုလိုက်ကြပါလို့”

သရုပ်ဆောင်လူမင်းနဲ့ သူ့ရဲ့ ဇနီး ခင်စံပယ်ဦးဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၇ရက်နေ့က မင်္ဂလာသက်တမ်း ၁၃ နှစ်ပြည့်ခဲ့ပြီး ဆယ်စုနှစ် တခု ကျော် အကြာ အတောအတွင်း အခက်အခဲများကို အတူတူ စိတ်ဓာတ်မကျဘဲ ကျော်လွှားနိုင်ခဲ့ကြောင်း ပြောပြခဲ့ပါသေးတယ်။

Source – The Radar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။