အမေရိကန် နို်င်ငံသည်ကမ္ဘာ့ဘဏ်အနေဖြင့် ချမ်းသာသည့် တရုတ်ကဲ့သို့ နိုင်ငံများကို ချေးငွေပေးခြင်းအပေါ်ကို ပြင်းထန်စွာ ဝေဖန်လိုက်ပါတယ်။ တရုတ်နိုင်ငံနှင့်အမေရိကန် နိုင်ငံမှာ တစ်နိုင်ငံနှင့် တစ်နိုင်ငံ မတည့်သော နိုင်ငံများဖြစ်သည်။ ယခုကဲ့သို့ အမေရိကန်က ဝေဖန်လိုက်ခြင်းမှာ တရုတ်တို့အဖို့ အရှက်ရစရာကဲ့သို့ဖြစ်သွားနိုင်သည်။ ဖြစ်စဉ်မှာ ကမ္ဘာ့ဘဏ်သည် ဖွံ့ဖြိုးရေးအတွက် ကိုယ်တိုင်ဆောင်ရွက်နိုင်ရန် ကြွယ်ဝနေပြီဖြစ်သော တရုတ်ကဲ့သို့ နိုင်ငံများအား ချေးငွေထုတ်ပေးနေပြီး အကူအညီ လိုအပ်နေသည့် ဆင်းရဲသောနိုင်ငံများကို ထိခိုက်စေနေကြောင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီး တာဝန်ရှိသူတစ်ဦးက နို၀င်ဘာ ၈ ရက်တွင် ပြောကြားခဲ့သည်။ 

ဘဏ္ဍာရေးဝန်ကြီးဌာန၏ အပြည်ပြည်ဆိုင်ရာရေးရာ လက်ထောက်အတွင်းဝန် ဒေးဗစ်မာပတ်က ကမ္ဘာ့ဘဏ်သည် ယခုနှစ်တွင် တရုတ်ကို ဒေါ်လာ ၂ ဒသမ ၄ ဘီလျံ ချေးခဲ့ပြီး တရုတ်သည် ကမ္ဘာ့ဘဏ်၏ လုပ်ထုံးလုပ်နည်းများအတွက် နမူနာတစ်ခုဖြစ်ကြောင်း ကိုးကားခဲ့သည်။ တရုတ်ကဲ့သို့နိုင်ငံများသည် စီးပွားရေး တိုးတက်လာပြီး ဖွံ့ဖြိုးရေးအတွက် ပုဂ္ဂလိက ဘဏ္ဍာရေးအရင်းအမြစ်များကို ရရှိနိုင်စွမ်း ရှိလာသောကြောင့် ကမ္ဘာ့ဘဏ်သည် နိုင်ငံများအား တိုးတက်လာသော နိုင်ငံများအဖြစ် ပို၍သတ်မှတ်ရန် သမ္မတ ဒေါ်နယ်ထရန့် အစိုးရက တွန်းအားပေးသွားမည်ဟု ဒေးဗစ်မာပတ်က အောက်လွှတ်တော် ကော်မတီသို့ ပြောကြားခဲ့သည်။ ၂၀၀၉ ခုနှစ်မှစပြီး တိုးတက်သော နိုင်ငံများသည် ကမ္ဘာ့ဘဏ်ချေးငွေအားလုံး၏ ပျမ်းမျှရာခိုင်နှုန်း ၄၀ ကို ရရှိခဲ့ကြကြောင်း မာပတ်က ပြောကြားခဲ့သည်။ 

လောလောဆယ်တွင် နိုင်ငံ ၂၅ နိုင်ငံသည် တိုးတက်လာသည်ဟု သတ်မှတ်အဆင့် ၀င်ငွေအထက်၌ ရှိနေပြီး ခြောက်နိုင်ငံသည် တစ်နှစ်လျှင် တစ်ဦးချင်း နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၁၂၄၇၅ အထက်ရှိသောနိုင်ငံများဖြစ်သည်။ ထို့ပြင် ကမ္ဘာ့ဘဏ်သည် တိုးတက်ရန် အသင့်ရှိသည့် နိုင်ငံများနှင့် ဆွေးနွေးမှု ဆောင်ရွက်ပြီး ၎င်းတို့ကို ချေးငွေပေးသည့် အစီအစဉ်မှ ဖယ်ထုတ်ရန် ဆောင်ရွက်ရမည့် လမ်းညွှန်ချက်များကိုလည်း ကိုယ်တိုင်လိုက်နာရန် ပျက်ကွက်ခဲ့ကြောင်း မာပတ်က ဆိုခဲ့သည်။ ချမ်းသာသော နိုင်ငံများသို့ ချေးငွေများ ထုတ်ပေးခြင်းက ကမ္ဘာ့ဘဏ်၏ လုပ်ငန်းဆောင်တာ အရည်အသွေးကို တိုးတက်စေနိုင်ကြောင်း သို့သော်လည်း ကမ္ဘာ့ဘဏ်သည် ဆင်းရဲသောနိုင်ငံများအတွက် ကတိကဝတ်များကို ဖြည့်ဆည်းပေးခြင်းဖြင့် ပိုမိုကောင်းမွန်စွာ ဆောင်ရွက်နိုင်မည်ဟု ယူဆကြောင်း ၎င်းက ပြောကြားခဲ့သည်။

Source – Eleven

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။