တေလာဆွစ် ဟာ ဗုဒ္ဓဟူးနေ့က ကျင်းပခဲ့တဲ့ Country Music Association Award (CIMA) ဆုပေးပွဲမှာ ဆုရရှိခဲ့ပါတယ်။ “Better Man” နဲ့ပါ။ The four-piece group မှ Karen Fairchild က တေလာဆွစ်ကိုယ်စား ဆုကိုလက်ခံရယူခဲ့ပါတယ်။ Karen Fairchild က “တေလာ ရေ နင်ဘယ်နားမှာပဲ ရောက်နေနေ ယခုလိုကောင်းမွန်တဲ့ သီချင်းလေးအတွက် ကျေးဇူးပါ။ ပြီးတော့ သီချင်းတွေကို ချစ်မြတ်နိုးတဲ့ အတွက် ကျေးဇူးတင်ပါတယ်” လို့ တေလာ့ကိုယ်စား ဆုယူစဉ်ပြောဆိုခဲ့ပါတယ်။

တေလာဆွစ်ကတော့ ယခုအပတ် စနေ၊ တနင်္ဂနွေ မှာ ကျင်းပဖို့ရှိတဲ့ Saturday Night Live အတွက် အလုပ်ရှုပ်နေပါတယ်။ သူမရဲ့ ဆိုရှယ်မီဒီယာ အကောင့်ဖြစ်တဲ့ Twitter မှာ တော့ “Saturday Night Live ကြိုတင်ပြင်ဆင်လေ့ကျင့်ဖို့ နယူးယောက်မှာ ရောက်နေပါတယ်။ သင်တို့ကိုချစ်ပါတယ်။” လို့ ရေးသားထားပါတယ်။ တေလာဆွစ် ဆုပေးပွဲဗီဒီယိုလေးထိုင်ကြည့်နေပုံကို ပါတွေ့ရမှာပါ။

တေလာဆွစ် ဟာ ယခင်ကလည်း အကောင်းဆုံး entertainer ဆု ကို CIMA ဆုပေးပွဲမှာ ရရှိခဲ့ဖူးပါတယ်။ သူမ ရဲ့ သီချင်းအယ်လ်ဘမ်ဖြစ်တဲ့ Fearless နဲ့ လည်း ဆုရရှိခဲ့ဖူးပါတယ်။ ယခု Better Man နဲ့ ဒီနှစ်အတွက် ရရှိခဲ့ပါတယ်။ သူမရော သူမရဲ့ ပရိသတ်တွေပါ ဆုရရှိလို့ ပျော်ရွှင်နေကြပါတယ်။

Source: MSN Entertainment

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။