ထိုင်းနိုင်ငံရှိကလုံပန်အကျဉ်းထောင်အတွင်းမှအကျဉ်းသားများဟာထောင်အတွင်းကျင်းပတဲ့လက်ဝှေ့ပွဲကြီးတွေမှာအနိုင်ရရှိပါကထောင်ဒဏ်လျော့ပေါ့ခံစားခွင့်ရရှိကြတယ်လို့သိရပါတယ်။ထိုင်းနိုင်ငံရှိလုံပန်အကျဉ်းထောင်အတွင်းကအကျဉ်သားတွေဟာလူသတ် သမားများ၊ ဂိုဏ်းအဖွဲ့ဝင်များနှင့် မူးယစ် ဆေးဝါးမှောင်ခို လုပ်သူများဖြစ်ကြပါတယ်။ ဒါ့အပြင် ၎င်းအကျဉ်းသားတွေဟာ မွေထိုင်း လက်ဝှေ့သမား များလည်းဖြစ်ကြတယ်လို့သိရပါတယ်။ ထိုင်းနိုင်ငံတစ် လွှားရှိ ထောင်အကျဉ်းသားများဟာ အပေါင်း အဖော် ထောင်သားများကို ဖျော်ဖြေတဲ့အနေဖြင့် ကျင်းပတဲ့ ထောင်တွင်းလက်ဝှေ့ပွဲများတွင် ပြိုင်ဘက်ကို ယှဉ်ပြိုင်ထိုးသတ်နိုင်ပါက နှစ်ရှည်ထောင်ဒဏ်များ လျှော့ပေါ့ခံစားခွင့်ရကြတာပဲဖြစ်ပါတယ်။

အကျဉ်းသားတွေထဲမှာအလွန်ထူးချွန်ပြောင်မြောက်တဲ့လက်ဝှေ့သမားတွေဆိုရင်ထောင်မှအပြီးတိုင်လွတ်မြောက်သွားကြတာပဲဖြစ်ပါတယ်။ကလုံပန်အကျဉ်းထောင်အတွင်းမှဆရီပွန်တဝီဆွတ် ဆိုတဲ့အကျဉ်းသားဆိုရင် ဂျပန်လက်ဝှေ့ကျော်ကြီးနဲ့ယှဉ်ပြိုင်ထိုးသတ်နိုင်ခဲ့တဲ့အတွက်ထောက်ဒဏ်(၁၅)နှစ်လျော့ပေါ့ပြီးလွတ်ငြိမ်းချမ်းသာခွင့်ရသွားခဲ့တာပဲဖြစ်ပါတယ်။အဆိုပါထောင်အတွင်းလက်ဝှေ့ပွဲကျင်ပပြီးယှဉ်ပြိုင်ထိုးသတ်ကြတဲ့အလေ့အထကိုထိုင်းမြို့တော်ဟောင်းအယုဒ္ဓယကိုမြန်မာတို့သိမ်းပိုက်ကာထိုင်းစစ်သားများအားအကျဉ်းချခဲ့တဲ့(၁၇၆၇)ခုနှစ်မှစတင်ခဲ့တာပဲဖြစ်ပါတယ်။အတော်ဆုံးအကျဉ်းသားလက်ဝှေ့သမားများဟာမြန်မာအစောင့်များကိုယှဉ်ပြိုင်ထိုးသတ်နိုင်ပါကထောင်ဒဏ်မှလွတ်မြောက်သွားကြတယ်လို့သိရပါတယ်။ 

(၁၇၆၉)ခုနှစ်ကတည်းကစတင်လိုက်တဲ့၎င်းအလေ့အထဟာထိုင်းလူမျိုးအကျဉ်သားတွေကြားအမြစ်တွယ်လာခဲ့ပြီးယနေ့ထိတိုင်ပင်ကျင့်သုံးနေကြတာပဲဖြစ်ပါတယ်။(၂၀၁၂)ခုနှစ်မှာတော့ထောင်တွင်းလက်ဝှေ့လို့အမည်ရတဲ့ကုမ္ပဏီတစ်ခုကနိုင်ငံတကာမွေထိုင်းလက်ဝှေ့သမားများကိုခေါ်ယူကာအကျဉ်းသားလက်ဝှေ့သမားများနဲ့ယှဉ်ပြိုင်ထိုးသတ်စေခဲ့တာပဲဖြစ်ပါတယ်။ဝင်ရောက်ယှဉ်ပြိုင်ထိုးသတ်ခဲ့တဲ့အကျဉ်းသားများအနိုင်ရရှိပါအဆိုပါအနိုင်ရရှိတဲ့အကျဉ်းသားရဲ့မိသားစုဟာ ဒေါ်လာ(၁၅၀)ခံစားခွင့်ရရှိကြတယ်လို့သိရပါတယ်။ 

Source - Pyi Myanmar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။