အစိုးရအနေဖြင့် လွန်ခဲ့သည့် ၈နှစ်လောက်က ချေးငွေဖြင့်ဝယ်ထားသော တရုတ်လေယာဉ်သုံးစီး၏ အကြွေးကို ယခုထိ မပေးချေရသေးပေ။ ဖြစ်စဉ်မှာ ၂၀၀၉ က တရုတ်နိုင်ငံ Exim Bank ချေးငွေဖြင့် ၀ယ်ယူခဲ့ပြီး နိုင်ငံပိုင်လေကြောင်း လိုင်းတွင် ပြေးဆွဲခဲ့သည့် တရုတ် ထုတ် MA-60 လေယာဉ်သုံးစီး သည် ယခုအခါ လုံးဝပျံသန်းခြင်း မပြုနိုင်တော့ဘဲ ရပ်နားထားရ ကြောင်း ပို့ဆောင်ရေးနှင့်ဆက် သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန် ကြီးဦးကျော်မျိုးက ပြောသည်။ 

အဆိုပါ လေယာဉ်သုံးစီးသည် ပြေးဆွဲခြင်းမပြုနိုင်ဘဲ ရပ်နား ထားရသော်လည်း ယင်းလေယာဉ် များ ၀ယ်ယူစဉ်က တင်ရှိနေသည့် ချေးငွေတရုတ်ယွမ် ၃၉၉ သန်းကို ပြန်လည်ပေးဆပ်နေရကြောင်း နို၀င်ဘာ ၉ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ဒုတိယ ၀န်ကြီးဦးကျော်မျိုးက ရှင်းလင်းပြောဆိုရာတွင် ထည့်သွင်းပြောကြားခဲ့သည်။ ၂၀၁၃ အတွင်း လေယာဉ် မတော်တဆ ထိခိုက်ပျက်စီးမှု ကြောင့် MA-60 လေယာဉ်နှစ်စီး ကို ပျံသန်းမှုမပြုလုပ်တော့ဘဲ ရပ်နားခဲ့ပြီး ကျန်ရှိသည့် လေယာဉ်တစ်စီးသည်လည်း ဆက်လက် ပျံသန်းရန် မသင့်သဖြင့် လုံးဝရပ် နားခဲ့ရကြောင်း ဒုဝန်ကြီးဦးကျော် မျိုးက လွှတ်တော်သို့ ရှင်းပြသည်။

MA-60 လေယာဉ်သုံးစီးအ တွက် Exim Bank မှ ချေးငွေယူ ထားသည့် အပေါ် ၂၀၁၇ မတ်လအထိ စုစုပေါင်းယွမ် ၁၀၁ သန်းပေးချေခဲ့ပြီး ဖြစ်သည်။ သို့ဖြစ်၍ ၂၀၁၇ မတ်လ ၂၁ ရက်မှ ၂၀၂၉ စက်တင်ဘာ ၉ ရက်အထိ ပေးဆပ်ရန်ကျန်ရှိ သည့် အတိုး၊ ကတိခံကြေးနှင့် အရင်းယွမ် ၃၇၂ သန်းနှင့် ညီမျှသောကန်ဒေါ်လာ ၅၆ ဒသမ ၈၃၆ သန်း ကြွေးဆပ်ရန် ကျန်ရှိကြောင်း ၀န်ကြီးက ပြောသည်။ ထို့ကြောင့် အကြွေးပေးချေရန် လွှတ်တော်ထံ တင်ပြခံခြင်းဖြစ်သည်။ ပြည်ထောင်စုအစိုုးရအဖွဲ့ အစည်းအဝေးတွင် ယင်းကိစ္စနှင့် ပတ်သက်ပြီး နိုင်ငံတော်က ကျခံပေးဆပ်ရန် သဘောတူညီ ခဲ့ကြောင်း ၎င်းကပြောသည်။

Source – 7 Days News

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။