မင်းသားချောဇေရဲထက်ကတော့ ပရိတ်သတ်တွေကြားမှာရေပန်းစားနေတဲ့ Star တစ်ယော က်ပါပဲ။ သူ့ရဲ့ပွင့်လင်းဖော်ရွေတဲ့စရိုက်လေးတွေကြောင့် ပရိတ်သတ်တွေကလည်း အချစ်ကြီး ချစ်နေရတာပေါ့။ ပြီးခဲ့တဲ့လပိုင်းတွေတုန်းက မင်းသားဇေရဲထက်နဲ့ပက်သက်ပြီး ရုပ်ရှင်ရိုက် ရာမှာ မတော်တဆထိမိတာ လေးတွေကို Troller တွေကနောက်ပြောင်ထားပါသေးတယ်။ လက်ရှိမှာတော့ ရုပ်ရှင်ဇာတ်ကားတွေအဆက်မပြတ်ရိုက်ကူးနေရတဲ့ အောင်မြင်တဲ့ မင်း သားတစ်လက်လဲဖြစ်ပါတယ်။

မိသားစုအတွက်အရင်ဦးစားပေးနေရတာမို့ အချစ်ရေးကိုမစဉ်းစားသေးဘူးလို့လည်းဆိုပါ တယ်။ အမေ့ကိုလုပ်ကျွေးနိုင်တဲ့ သားကောင်းရတနာလေးဖြစ်ချင်တယ်လို့ဆိုပါတယ်။ အရင် ကရည်းစားတွေ ငါးယောက် ခြောက်ယောက်မက ထားဖူးခဲ့ပေမယ့် အခုချိန်မှာတော့အချစ် ရေးကိုဦးစားမပေးသေးဘူးလို့ ဆိုပါတယ်။ အရင်ကအရမ်းလည်းချစ်ခဲ့ဖူးတယ် အရမ်းလည်း ခံစားခဲ့ဖူးတဲ့အကြောင်းတွေကြောင့်လည်း ဖြစ်နိုင်တယ်လို့ဆိုပါတယ်။ အဓိကကတော့ ကိုယ့် မိသားစုအတွက် ကိုယ့်မြို့နယ်အတွက် တိုင်းပြည်အတွက် ဒါတွေကိုအထောက်အပံ့ကောင်း တွေပေးနိုင်ပြီဆိုရင်တော့ အိမ်ထောင်ပြုဖို့စဉ်းစားဖြစ်မယ်လို့လည်းဆိုပါတယ်။

ချစ်သူထားတဲ့အခါမှာလည်း သူချစ်ကိုယ်ချစ်ကိုရှာမယ်လို့ပြောပါတယ်။ မချစ်မနှစ်သက် တဲ့အိမ်ထောင်ရေးကို မထူထောင်ချင်ပါဘူးတဲ့။ အဓိကကိုယ်ချစ်နေဖို့ပါပဲတဲ့။ တကယ်လို့ သူ သာချစ်တယ်ဆိုရင် ချစ်သူဟာ ရုပ်ဆိုးနေလည်းချစ်တယ် ဆင်းရဲလည်းချစ်တယ်လို့ ဆိုပါ တယ်။ မိသားစုကလည်း အိမ်ထောင်ရေးနဲ့ပက်သက်လို့ စိတ်တိုင်းကျခွင့်ပြုထားတယ်လို့ဆိုပါ တယ်။ ငယ်စဉ်ကတည်းက မိဘကိုဒုက္ခမပေးဖူးတဲ့ သားတစ်ယောက်မို့ မိဘတွေက ကိုယ့် ဆုံးဖြတ်ချက်ကို ယုံကြည်ကြတယ်လို့ မင်းသားဇေရဲထက်က Interview တစ်ခုမှာဖြေကြား သွားပါတယ်။ ဘယ်လိုချစ်သူလေးနဲ့အကြောင်းပါမလဲဆိုတာတော့ စိတ်ဝင်စားစရာပဲနော် ပ ရိတ်သတ်ကြီး…

Source from Myanmar Cele 7

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။