ရုပ်ရှင် သရုပ်ဆောင် မင်းသားပြေတီဦး ဦးစီးဖွင့်လှစ်ထားတဲ့ ပြေတီဦးဖောင်ဒေးရှင်းမှ (၂၀၁၇-၂၀၁၈) ပညာသင်နှစ်အတွက် တက္ကသိုလ်ကျောင်းသား (၁၂) ဦး ပညာသင်ထောက်ပံ့ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်..။

(၂၀၁၇-၂၀၁၈)အတွက် ပညာသင်ထောက်ပ့ံ့ကြေးပေးဖို့အတွက် အစည်းအဝေးကို နိုဝင်ဘာ(၉)ရက်နေ့က ပြုလုပ်ခဲ့ပါတယ်..။

ယနေ့ နိုဝင်ဘာ(၁၀)ရက်နေ့မှာတော့ ပညာသင်ထောက်ပံ့ပေးသွားမယ့် ကျောင်းသားစာရင်းကို တရားဝင်ကြေညာလိုက်တာ ဖြစ်ပါတယ်..။

ပညာသင်ထောက်ပံ့ပေးသွာ့မယ့် ကျောင်းသားတွေကတော့ ဆေးတက္ကသိုလ်ကျောင်သား(၆)ဦး၊ နည်းပညာတက္ကသိုလ်(စက်မှု) ကျောင်းသား(၅)ဦး နှင့် ဥပဒေကျောင်းသား(၁) စုစုပေါင်း ကျောင်းသား(၁၂)ဦးကို ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်..။

ပြေတီဦးဖောင်ဒေးရှင်းဟာ ပညာရေးအတွက် ငွေကြေးခက်ခဲနေတဲ့ ကျောင်းသား၊ ကျောင်းသူများကို ပညာသင်ထောက်ပံ့ပေးနေတဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်..။

အချိန်တစ်ခုအတွင်းမှာ အောင်မြင်ခဲ့တာဖြစ်ပြီး ဆရာဝန်များနှင့် ထူးချွန်တဲ့ ကျောင်းသားအမြောက်အများကို မွေးထုတ်ပေးခဲ့တာလည်း တွေ့ပါတယ်..။

ပြေတီဦးဟာ အနုပညာလောကမှာ အောင်မြင်ကျော်ကြားသလို ပရဟိတ အလုပ်တွေကိုလည်း ပါဝင်ဆောင်ရွက်နေသူ တစ်ဦးလည်း ဖြစ်ပါတယ်..။

အနုပညာအလုပ်တွေမှာ ပရိသတ်ရဲ့အားပေးမှုများ အခိုင်အမာရရှိထားပြီး ဇနီးဖြစ်သူ မြန်မာနိုင်ငံရဲ့ ထိပ်ထန်းမင်းသမီးတစ်လက်ဖြစ်တဲ့ အိန္ဒြာကျော်ဇင်နှင့်အတူ သားသား၊မီးမီးလေးတွေနဲ့ သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို ဖြတ်သန်းနေတာ တွေ့ရပါတယ်..။

ပြေတီဦးဟာ (၂၀၁၀)ခုနှစ်မှာ “အာဒံရယ်၊ ဧဝရယ်၊ ဒဿရယ်” ဇာတ်ကား၊ (၂၀၁၂)ခုနှစ်မှာ “လက်ပံ” ဇာတ်ကား၊ (၂၀၁၃)ခုနှစ်မှာ “နင်စေရင်” ဇာတ်ကား၊ (၁၀၁၄)ခုနှစ်မှာ “နှလုံးသားဖြင့် ပြုလုပ်သည်” ဇာတ်ကား စတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ အကောင်းဆုံးအမျိုးသား ဇာတ်ဆောင်ဆုနဲ့ အကယ်ဒမီများကို ရရှိခဲ့တာ ဖြစ်ပါတယ်..။

အိန္ဒြာကျော်ဇင်ကလည်း “မျက်နှာများတဲ့ ကောင်းကင်” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ (၂၀၀၄)ခုနှစ်မှာ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့တာ ဖြစ်ပါတယ်..။

Source - ပြေတီဦးဖောင်ဒေးရှင်း

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။