ခြောက်နှစ်ကျော် ပျောက်ဆုံးနေသော စိတ်ဝေဒနာ ရှင်တစ်ဦးကို ဒီမိုကရက်တစ် မြန်မာ့အသံက ထုတ်လွှင့်ပြသ သော ရုပ်သံအစီအစဉ်တွင် တွေ့ ရှိရာမှ မိသားစုနှင့် ပြန်လည်ဆုံ စည်းခဲ့ကြောင်း အောင်လံဗုဒ္ဓလမ်းစဉ်အဖွဲ့မှ ဦးပေါက်က ပြောကြားပါတယ်။ဒီဗီဘီ (ဒီမိုကရက်တစ် မြန်မာ့အသံ)၏ ‘ဒို့ပြေဒို့မြေ’အစီ အစဉ်တွင် အောင်လံမြို့နယ်ရှိ စိတ်ဝေဒနာရှင်များနှင့် သက်ကြီး ဘိုးဘွားများအား နေ့စဉ် ထမင်းဘူးများ လှူဒါန်းနေကြောင်း ရိုက် ကူးပြသစဉ် အဆိုပါစိတ်ဝေဒနာ ရှင်အား ထမင်းဘူးပေးဝေနေပုံကို မိသားစုက တွေ့ခဲ့ရာ နိုဝင်ဘာ ရ ရက်က အောင်လံမြို့သို့ လာ ရောက်ခေါ်ဆောင်ခြင်းဖြစ်ပါတယ်။ 

‘‘သူက ဒီလိုအခြေအနေဖြစ် ပြီးတော့ အိမ်ကနေ ရွာအနီးအနား ကို ဒီလိုပဲ ထွက်သွားတတ်တာ။ ပြီးရင် ပြန်လာတာပဲ။ အဲဒီ လွန်ခဲ့ တဲ့ ခြောက်နှစ်လောက်ကျ ထွက် သွားတာ သင်္ဘောတစ်ခုပေါ် ပါသွားတယ်ပဲ နောက်ဆုံး သိခဲ့ ရတယ်။ ရှာလို့ကို မတွေ့တော့ တာ။ ပြီးခဲ့တဲ့လကမှ အိမ်မှာ ဒီဗီဘီကြည့်ရင်း အောင်လံက ကိုပေါက်အကြောင်းဆိုတာပြ ရင်းနဲ့ သူ့ပုံက ပါလာတာ။ အိမ်က ဟိုမှာ ကိုသိန်းထွန်းကြီး၊ ကိုသိန်း ထွန်းကြီးနဲ့ဆိုတော့ အဲဒါ အောင် လံဆိုတာလည်း ဘယ်ဆီနေမှန်း မသိပါဘူး။ ဒီလိုမေးမြန်းရှာကြံပြီး လိုက်လာခဲ့တာပါ’’ဟု အဆိုပါ စိတ်ဝေဒနာရှင်၏ အစ်ကိုတစ်ဝမ်းကွဲတော်စပ်သူ ဦးသန်းထွန်းက ပြောပြခဲ့ပါတယ်။

အဆိုပါ စိတ်ဝေဒနာရှင် သည် (၃၄)နှစ်အရွယ် ကိုသိန်း ထွန်းဆိုသူဖြစ်ပြီး စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ကန့်ဘလူမြို့နယ် ပေါက်ကုန်း ကျေးရွာနေသူဖြစ်ပါတယ်။‘‘သူငယ်ငယ်က အကောင်း ပကတိပါ။ သူကြိုက်တဲ့ ကောင်မ လေးက အိမ်ထောင်ပြုသွားလို့ သူ့ကိုယ်သူ ပိုးသတ်ဆေးသောက် သေကြောင်းကြံတာ။ ဆေးကုမြန် လို့ အသက်မသေခဲ့ပေမယ့် စိတ် အခြေအနေက ပုံမှန်မဟုတ်ဖြစ် သွားတာ။ ညီအစ်ကို မောင်နှမ တွေက အိမ်ထောင်ခွဲတွေ၊ သူက သာ အမေနဲ့နေတာ။ အမေလည်း သူ့စိတ်နဲ့ ဆုံးသွားခဲ့ပြီ။ သူ့အ တွက် အိမ်တွေ၊ လယ်တွေ ရွာမှာ အဆင်သင့်ပါ’’ဟု ဦးသန်းထွန်းကရှင်းပြပါတယ်။အဆိုပါ စိတ်ဝေဒနာရှင်ကို လွန်ခဲ့သော လေးနှစ်ကျော်က သရက်မြို့တွင် ခိုကိုးရာမဲ့ အခြေ အနေဖြင့် စတင်တွေ့ခဲ့၍ နေ့စဉ်ထမင်းကျွေးရန် အောင်လံမြို့သို့ခေါ်လာခဲ့ကြောင်း ဦးပေါက်ကပြောပြပါတယ်။။စိတ်ဝေဒနာရှင်ကို မူလက အောင်လံမြို့ ကျောက်စရစ်ကုန်း သဘာဝတရားရိပ်သာ၌ ထား သော်လည်း ယခုနေထိုင်ရာ ဧရာ ဝတီမြစ်ကမ်းဘေးသို့ပြောင်းသွား၍ နေထိုင်မှုအဆင်ပြေရန် အမိုး အကာဖန်တီးပေးထားကာနေထိုင်စေကြောင်းရှင်းပြပါတယ်။

အောင်လံဒေသခံအများစု က အဆိုပါ စိတ်ဝေဒနာရှင်၏ အမည်ရင်းကို မသိ၍ ရဲမင်းပိုင်ဟု နာမည်ပေးထားကြောင်း ဦးပေါက်က ပြောသည်။‘‘ကျွန်တော်တို့ အစီအစဉ်က ကိုပဲ မြန်မာနိုင်ငံ တစ်နံတစ်လျား မှာရှိတဲ့အခြေခံလူတန်းစားတွေရဲ့ဘဝတွေကိုဖော်ထုတ်ပြသတဲ့အစီအစဉ်လေးဖြစ်တယ်။ဒီအစီအစဉ်အရပရဟိတလုပ်နေတဲ့ကိုပေါက်အကြောင်းကိုရိုက်ပြတယ်။အဲဒီမှာဆက်စပ်ပြီးတော့မိသားစုနဲ့ ကင်းကွာနေတဲ့စိတ်ဝေဒနာရှင်တစ်ဦးကမိသားစုနဲ့ပြန်လည်ဆုံစည်းခွင့်ရတယ်လေ။ ဒါကဝမ်းသာစရာဖြစ်ပါတယ်။ပီတိလည်းဖြစ်မိတယ်’’ဟုဒီဗီဘီ သတင်းဌာန ဒို့ပြေဒို့မြေအစီအစဉ် ပရိုဂျူဆာ ကိုအောင်ကျော်ဇောက ပြောကြားခဲ့ပါတယ်။

Source – 7daydaily 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။