ပရိသတ်တွေချစ်ကြတဲ့ အနုပညာမောင်နှမနှစ်ယောက်ဖြစ်တဲ့ မင်းသမီးချောလေး မိုးယုစံ နဲ့ သင်ဇာနွယ်ဝင်း တို့နှစ်ဦးဟာ ရုပ်ရှင်ထဲမှာသာမက အပြင်မှာလည်း အရမ်းရင်းနှီးကြတဲ့ သူငယ်ချင်းတွေပါ။

သူတို့နှစ်ဦးရဲ့ ဓာတ်ပုံလေးတွေတိုင်းမှာ တစ်ယောက် နဲ့ တစ်ယောက် အပြန်အလှန် ကွန့်မန့်တွေ ၀င်ပေးကြတာလည်း ပရိသတ်အချို့ သတိထားမိမယ်ထင်ပါတယ်။

ဒီလိုချစ်စရာကောင်းပြီး အနုပညာနယ်ပယ်ထဲမှာ အောင်မြင်ကိုယ်စီရှိထားပြီးသား မင်းသမီးနှစ်လက်ဟာ သားယောကျာ်းလေးတွေ မွေးဖွားထားတာမကြာသေးပါဘူး။

မိုးယုကတော့ သြဂုတ်စ်လကုန်လောက်မှာ ပထမဆုံးရင်သွေးလေးဖြစ်တဲ့ သားလေး Austin ကို ဂရန်းဟန်သာဆေးရုံမှာ မွေးဖွားခဲ့ပြီး သင်ဇာကလည်း ၀ိတိုရီယဆေးရုံမှာ သားယောကျာ်းလေးကို နို၀င်ဘာလအစမှာပဲမွေးဖွားခဲ့တာပါ။

အိမ်ထောင်ပြုတဲ့အချိန်လည်း သိပ်မကွာသလို သားဦးလေးတွေကို မွေးဖွားချိန်ကလည်း နှစ်လသာခြားတာဖြစ်ပါတယ်။

ချစ်စရာကောင်းတဲ့ သူမတို့နှစ်ယောက်ဟာ အနုပညာအလုပ်တွေနားထားပြီး အားကျကြည်နူးစရာကောင်းတဲ့ မိသားစုဘဝလေးကိုယ်စီပိုင်ဆိုင်ထားကြပါတယ်။

သားသားနှစ်ယောက်ကလည်း အမေတူအဖေတူ သားချောလေးတွေမို့ ချစ်စရာကောင်းပါတယ်။ 

နှစ်ဖက်မိဘခင်ပွန်းရဲ့ အလိုလိုက်ဂရုစိုက်မှုတွေရရှိထားပြီးသားသာလေးတွေနဲ့ အရမ်းပျော်ရွှင်နေပုံရပါတယ်။  

Source : Thinzar Nwewin & Moe Yu San fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။