အဆိုတော်နန်းစုရတီစိုးတစ်ယောက် လတ်တလောမှာတော့ မန္တလေးရွှေမြို့တော်ကြီးကို ရောက်ရှိလို့နေပါတယ်။ ရွှေမြိုင်ပိုးထည်ဆိုင်ဖွင့်ပွဲအတွက် ဖဲကြိုးဖြတ်သူအဖြစ် ဆောင်ရွက် ပေးဖို့ ရောက်ရှိလာတာပဲဖြစ်ပါတယ်။ သူမရဲ့ဝတ်စုံကိုတော့ ဒီဇိုင်နာမျိုးမင်းစိုးက စီစဉ်ချုပ် လုပ်ပေးတာ ဖြစ်ပြီး သူမနဲ့တကယ်ကိုလိုက်ဖက်တဲ့ အသွင်အပြင်နဲ့ သူမကတော့ မန္တလေး မှာ အရမ်းကိုနန်းဆန် နေပါတယ်။ လှပတဲ့သူမရဲ့ပုံရိပ်တွေကိုလည်း Facebook ပေါ်မှာ မျှဝေပေးထားပါသေးတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းတွေတုန်းကလည်း သူမကိုရီးယားခရီးစဉ်သွားတုန်းက ရိုက်ကူးလာခဲ့တဲ့ ချစ် စရာ Short Video လေးကို တင်လိုက်ပါသေးတယ်။ Video ထဲမှာသူမက ကလေးလေး တစ်ယောက်လို လွတ်လပ်ပေါ့ပါးပြီး ကိုရီးယားရိုးရာဝတ်စုံနဲ့ချစ်စဖွယ်လေးဖြစ်နေတာပါ။ သူမ နိုင်ငံခြားခရီးစဉ်သွား နေတဲ့ ရက်ပိုင်းတွေမှာ သူမရဲ့ချစ်သူဖြစ်သူ အဆိုတော် G-Fatt တစ် ယောက် သူမအပျင်းပြေဖတ်နိုင်ဖို့ အချစ်စာလွှာလေးတွေပေးပို့ခဲ့ပါသေးတယ်။ တကယ့်ကို ရိုမန်းတစ်ဆန်လွန်းတဲ့ အချစ်ပဲနော်။ အနုပညာသမားတွေဆိုတော့ အနုအရွလေးတွေဖန်တီး တတ်တာပေါ့။

မန္တလေးရွှေမြိုင်ပိုးထည်ဆိုင်ဖွင့်ပွဲမှာ ဖဲကြိုးဖြတ်ပေးနေတဲ့ သူမရဲ့အလှပုံရိပ်တွေက ကြွေ ချင်စရာပါပဲ။ တကယ့်ကိုနန်းဆန်လွန်းသူလေးပါ။ ကျော့ကျော့ရှင်းရှင်း သူမခန္တာကိုယ် ပေါ်မှာ မြန်မာဝတ်စုံလေးက လှလှပပနေရာယူထားတာပဲဖြစ်ပါတယ်။ ဘယ်လိုတွေတော င်လှတာလဲ နန်းစုလေးရယ်။ သူမရဲ့အလှအပတွေကို ပရိတ်သတ်ကြီးအတွက် ပြန်လည်ဝေ မျှပေးလိုက်တယ်နော်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။